ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် - မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - လတ်တလော စပါးပင်သက်တမ်းငယ်ချိန် (၃-၅ ရက်) ကြာရေနစ်မြုပ်သွားသော စပါးခင်းများ ရေပြန်ကျသွားချိန်တွင် ပထမဆုံး EM (အီးအမ်)ကို မြေကြီးနားကပ်ပြီး ဖျန်းပေးပါ။
- ဖျန်းပြီး နောက် ၃ ရက်အကြာမှ အစိုဓာတ်အပင်ခြေ ၂ လက်မလောက်ရဖို့လိုပြီး၊ တစ်ဧကကို နိုက်ထရိုဂျင်ယူရီးယား (N) ၄ပုံ၁ပုံ+ ပိုတက်ရှ် (K) ၂ပုံ၁ပုံ ထည့်ပေးပါ။
- ရေမြုပ်ခံရပြီးနောက် ဘာမှိုသတ်ဆေး၊ ပိုးသတ်ဆေးမှ တန်းပြီးမဖျန်းပါနဲ့၊ အဲ့အချိန်တွင် အပင်က ခံနိုင်ရည်မရှိသေးပါဘူး။
- ရွက်ညိုပြောက်ကျနေသော စပါးခင်းများ နိုက်ထရိုဂျင်ပုလဲမြေဩဇာကို ချင့်ချိန်ထည့်ပြီး၊ အဓိက ဆီလီကာ (Si)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကယ်လ်ဆီယမ် (Ca) ပါဝင်သောမြေဩဇာကို ထည့်ပေးပါ။
- အသုံးပြုနိုင်သောမှိုသတ်ဆေးများ- Mancozeb+ Cymoxanil ( ပျိုးခင်းအဆင့် လက္ခဏာစတင်ချိန်) ၊ Trifloxystrobin, Iprodione (စိုက်ခင်းတွင် တွေ့ရပါက) အသုံးပြုနိုင်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊ - · ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊ - · ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊ - · ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊ - · ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
