ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင်
မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။
ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
· ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
· ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊
· ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊
· ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊
· ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊
· ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437