မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း သုံးသပ်ချက်
မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း (၅၃.၂၅ ပိဿာ)များကို လေ့လာသော် ပဲပုပ် (ရှမ်း)ဈေးနှုန်းမှာ ၃၁၅,၀၀ဝိ/-ကျပ်မှ ၃၂၀,၀၀ဝိ/-ကျပ်၊ ပဲပုပ်(ဗမာ) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ တတိယပတ် အတွင်း ဈေးမဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ပဲပုပ်(ဗမာ) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ပထမပတ်တွင် ၅၃၀,၀၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်ခဲ့ပါတယ်။
ယခင်လ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နှင့် ယခုလ (၂၀၂၅ ခုနှစ် ဇန်နဝါရီလ)နှိုင်းယှဉ်ခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဈေးနှုန်းအား ယခင်လ(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ) ဈေးနှုန်းများဖြင့် နှိုင်းယှဉ် သော် ပဲပုပ် (ရှမ်း)ပျမ်းမျှဈေးနှုန်း ယခင်လထက် ၆၂,၅၀ဝိ/-ကျပ်၊ ပဲပုပ် (ဗမာ)ဈေးနှုန်းမှာ ၄၃,၄ဝဝိ/-ကျပ်ဖြင့် အသီးသီးဈေးကျနေတာကို တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ လအလိုက် ဈေးနှုန်းသုံးသပ်ခြင်း
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ ဧပြီလတွင် ၁၅၆,၈၀၀ိ/-ကျပ်၊ မေလတွင် ၁၆၈,၀၀၅ိ/- ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ိ/-ကျပ်၊ ဇူလိုင်လတွင် ၂၄၀,၀၉၅ိ/-ကျပ်၊ ဩဂုတ်လတွင် ၃၅၂,၇ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၇၄,၁ဝဝိ/-ကျပ်၊ အောက်တိုဘာ လတွင် ၃၆၈,၃၅ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၃၇၇,၁၂၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃ဝဝ,ဝဝဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၃၇,၅ဝဝိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။
ပဲပုပ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆/-ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀/- ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃/-ကျပ်၊ မေလတွင် ၁၈၂,၅၆၅/-ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃/-ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅/-ကျပ်၊ ဩဂုတ်လတွင် ၃၁၆,၃ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၈၈,၅ဝဝိ/-ကျပ်၊ အောက်တိုဘာ လတွင် ၄၀၀,၀၉၂/-ကျပ်၊ နိုဝင်ဘာလတွင် ၄၂၇,၃၇၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃၆၉,၁၅ဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃၂၅,၇၅ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။
သုံးသပ် ခန့်မှန်းချက်
ဈေးနှုန်းသုံးသပ်ရသော် ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းများ ဈေးကျနေတာကို တွေ့ရပါ တယ်။ ဈေးကွက်အတွင်း ပဲပုပ်အသစ်များ ဝင်ရောက်နေ၍ ဈေးကျရခြင်းဖြစ်ပါတယ်။ ခန့်မှန်းရမယ်ဆိုရင် ယခုလအတွင်း ဈေးဆက်ကျနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
---