မန္တလေးတိုင်း ကြက်သွန်စိုက်တောင်သူများထံသို့
အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။
ကြက်သွန်မျိုးစေ့ထုတ်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
ကြက်သွန်ပန်းပွင့်ချိန်တွင် အပူချိန် ၃၅ စင်တီဂရိတ်ထက်မြင့်ပါက ပန်းပွင့်များအစေ့မအောင်ဘဲ မျိုးစေ့အထွက်နှုန်းလျှော့ကျစေနိုင်ပါတယ်။
မျိုးစေ့ထုတ်လုပ်စိုက်ပျိုးသူများအနေဖြင့် ကြက်သွန်ပန်းပွင့်မည့်အချိန်တွင် အေးသောရာသီဥတုနှင့် ကိုက်ညီအောင် စိုက်ပျိုးချိန်ကို ညှိ၍စိုက်ပျိုးပါ။
မျိုးစေ့ထုတ်စိုက်ခင်းကို ရောဂါကျရောက်မှုမရှိစေရန်ကြိုတင်ကာကွယ်ပါ။ ပန်းပွင့်ချိန်တွင် ရောဂါမကျရန်အထူးဂရုပြုလုပ်ဆောင်ပါ။
ပင်ကြားဝတ်မှုန်ကူးခြင်းဖြင့် အစေ့အောင်သောကြောင့် ပျားကဲ့သို့သော ဝတ်မှုန်ကူပေးသည့် အင်းဆက်ပိုးများ အရေတွက်များအောင်လုပ်ဆောင်ပါ။ ပိုးသတ်ဆေးများအလွန်ကျွံမသုံးပါနှင့်။
ဘိုရွန်၊ ဆာလဖာ နှင့် အခြားအနည်းလိုအဟာရဓါတ်များသာပါသော ရွက်ဖျန်းအားဆေးအသုံးပြုပါ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧကကို ဇရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့် ပေးရန်၊
အစာတောင့်ဈေးကြီးချိန် ဖွဲနုကို ပဲဖတ် ဒါမှမဟုတ် ပဲပုပ်ဖတ်တိုနဲ့ ၆:၄ အချိုးနဲ့ ရောက်နှောကျွေးနိုင်ရန်၊
ညဘက်နဲ့ မနက်စောစောတွင် ကန်ရေ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းနိုင်တဲ့အတွက် ရေလှည့်ပေးရန်၊
ကန်ဖော်ပြီး ကန်များအနေဖြင့် အောက်ခြေနှုန်းထုကို ဖယ်ထုတ်ရန်၊
ကန်အတွင်းနဲ့ ကန်ဘောင်ပေါ်ရှိ မြက်များကို ရှင်းပေးရန်၊
---------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။