cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

Lime sulphur နဲ့ sulphur က အတူတူပဲလား

. သဘာဝမြေဩဇာ
Lime sulphur နဲ့ sulphur က အတူတူပဲလားဆိုတဲ့ မေးခွန်းကို မေးထားပါတယ်။
မတူပါဘူး။ နှစ်ခုလုံးကတော့ မှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်တာ တူပါတယ်။ ဘာတွေကွာခြားချက်ရှိပါသလဲ။
  • Lime sulphur နဲ့ sulphur က အတူတူပဲလားဆိုတဲ့ မေးခွန်းကို မေးထားပါတယ်။

    မတူပါဘူး။ နှစ်ခုလုံးကတော့ မှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်တာ တူပါတယ်။ ဘာတွေကွာခြားချက်ရှိပါသလဲ။

    Sulphur

    ဓာတုဗေဒဒြပ်စင် သီးသန့်ဖြစ်ပါတယ်။ အမှုန့်ပုံစံအနေနဲ့ ရှိပါတယ်။

    Mode of Action အနေနဲ့ မှိုဆဲလ်တွေရဲ့ ဇီဝဓာတု အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သီးခြားအနေနဲ့ မွှားပင့်ကူသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ထိရောက်မှုကတော့ ဖားဉမှို၊ သံချေးရောဂါအပေါ် သိသာစွာကောင်းပါတယ်။

    ဖျော်စပ်တဲ့ရေရဲ့ pH 6.5-7.5 မှာအာနိသင်ကောင်းမွန်ပြီး 7.5 အထက် အယ်လ်ကာလီအခြေအနေမှာတော့ အာနိသင်ပျက်စီးလွယ်ပါတယ်။ (OPI, Carbamate အုပ်စု ပိုးသတ်ဆေးတွေနဲ့ ၇ ရက်အထိ ကွာခြားပြီးမှ သုံးသင့်ပါတယ်)။

    အခြား မှိုသတ်ဆေးတွေနဲ့ ရောစပ်မှုသဟဇာတဖြစ်ရန်အခြေအနေအလွန်နည်းတာ (အပူချိန်မြင့်ရင် ဆေးလောင်တာ) ကြောင့် သီးသန့်သာ အသုံးပြုရမှာဖြစ်ပါတယ်။

    ဓာတုဗေဒဒြပ်စင်သီးသန့်ဖြစ်တာကြောင့် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်မှာ အသုံးပြုနိုင်ပါတယ်။

    Lime sulphur

    ဓာတုဗေဒအခေါ်အဝေါ်အရ calcium polysulfides solution လို့ ခေါ်ပါတယ်။ ဖောက်ထုံး( Calcium hydroxide) + sulphur ကို ရေနဲ့ရောစပ်ပြီး အပူပေးကျိုချက်ထားတဲ့ အရည်ပုံစံဖြစ်ပါတယ်။

    Mode of action

    မှိုစပိုးတွေကို မျိုးညှောင့်မပေါက်လာအောင် ဟန့်တားပေးပါတယ်။ မြေအောင်းပိုးသတ်ဆေး (ရုပ်ဖုံးမှအကောင်ပေါက်မလာစေရန်) အဖြစ်လည်း သုံးနိုင်ပါတယ်။ ဒါက အကန့်အသတ်ရှိပါတယ်။ လွန်ကဲစွာသုံးရင် မြေသားထိခိုက်မှုရှိနိုင်ပါတယ်။

    ထိရောက်မှုအနေနဲ့ ဖားဥမှို၊ ရွက်နက်ပြောက်၊ သံချေး၊ ကြေးဖတ်ရောဂါတို့အတွက် သုံးနိုင်ပါတယ်။

    ဖျော်စပ်တဲ့ရေရဲ့ pH 7.5 အထက်မှာ အာနိသင်ပိုကောင်းပါတယ်။ ရေရဲ့ pH 5-5.5 (ဉပမာ- မိုးရေ) မှာ အာနိသင်ထိရောက်မှုနည်းပါတယ်။ အခြား ဓာတုဆေးများနဲ့ သဟဇာတဖြစ်သော်လည်း acidic ပုံစံတွေဖြစ်တဲ့ ကော့ပါးအခြေခံဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ သဟဇာတမဖြစ်ပါဘူး။ ဆေးလောင်နိုင်ပါတယ်။

    အဓိက ကွာခြားချက်များ

    Sulphur

    - အမှုန့်/အခဲပုံစံ

    - Slightly acidic- Neutral (pH 6.5-7.5)

    - ရောဂါစတင်ချိန်တွင် ထိရောက် (ကုသဆေးမဟုတ်ပါ)

    - အပူချိန်မြင့် ၃၅ ဒီဂရီအထက်တွင် ဆေးလောင်နိုင်

    - အခြားဆေးများနှင့် သဟဇာတမဖြစ် (ရောစပ်၍မသုံးရ)

    Lime sulphur

    - အရည်ပုံစံ

    - Strongly alkaline (pH >7.5)

    - ရောဂါမစတင်မီ ငုပ်လျှိုးကာလတွင် ရောဂါစတင်ဖြစ်ပွါး/ကူးစက်မှုမရှိစေရန် အသုံးပြုနိုင်သည်

    - အပူချိန်အပေါ် တုန့်ပြန်မှုနည်းသည်

    - အချို့မှိုသတ်ဆေး (strobilurin အုပ်စု) နှင့် သဟဇာတဖြစ်

    Lime sulphur ပြုလုပ်နည်းအချိုး

    2:1:10

    ဉပမာ

    Sulphur အမှုန့် ၁ ကီလိုဂရမ်

    ထုံး Ca(OH)2 ၀.၅ ကီလိုဂရမ်

    ရေ ၅ လီတာ

    မြေအိုးအသုံးပြုရန်

    ဝါး/သစ်သားတုတ်ရှည်ရှည်/ယောင်းမတစ်ချောင်းလိုအပ်ပါသည်။

    - အိုးထဲတွင် ရေအနည်းငယ် (ထုံးမြုပ်ရုံ) ထည့်ပါ။ ထုံးနှင့်ရေ သမအောင်ဖြေးညင်းစွာမွှေပါ

    - ထုံးနှင့်ရေ (ပျစ်ပျစ်) သမသွားပါက ဆာလဖာအမှုန့်ကိုထည့်ပါ (ဆက်လက်ရောမွှေပါ)

    - လိုအပ်သောရေကို ထပ်မံဖြည့်စွက်ပါ

    - မီးဖိုပေါ်တင်၍ မီးအေးအေးဖြင့်ကျိုပါ (အဆက်မပြတ် ဖြေးညင်းစွာမွှေပေးရပါမည်)

    - ၄၅-၆၀ မိနစ်ခန့်ကြိုပါ။ ဆေးရည် လိမ္မော်နီရောင်(အရင့်) ပြောင်းလာသည်အထိကျိုရပါမည်။ ထိုသို့အရောင်ပြောင်းချိန်သည် Calcium polysulphides solution ရရှိပြီဖြစ်ပါသည်။

    - အိုးကို မီးဖိုပေါ်မှချ၍ အအေးခံပါ။ ထို့နောက် ပိတ်စပါးပါးဖြင့် စစ်ယူပါ (အနည်အနှစ်/အမှိုက်ပါပါက သန့်စင်စေရန်ဖြစ်သည်)

    - သိမ်းဆည်းမည်ဆိုပါက ဖန်/ပလတ်စတစ် ဘူး/ပုံးထဲတွင် သိမ်းဆည်းရပါမည် (ကာလကြာရှည် မသိမ်းသင့်ပါ၊ ချက်ခြင်း လတ်ဆတ်ချိန်တွင် အသုံးပြုပက်ဖျန်းခြင်းသည် အာနိသင်သေချာမှုအတွက် အကောင်းဆုံးဖြစ်သည်။

    ဆေးရည် အသုံးပြုရန်

    ၁:၃၀ (သို့မဟုတ်) ၁:၅၀

    ဆေး ၁ ဆ ရေ ၃၀ ဆ (သို့မဟုတ်) ဆေး ၁ ဆ ရေ ၅၀ ဆ (ကြိုတင်ကာကွယ်ရန်)

    အပူချိန်မြင့် (နွေရာသီတွင် အသုံးပြုပါက) ဆေး ၁ ဆ ရေ ၁၀၀ ဆ

    အပင်ဆေးလောင်မှုမဖြစ်စေရန်ဖြစ်ပါသည်။

    Source: Dr. DaDa

    Ph. D Entomology


  • article
  • article
  • article
likes
10
comments
0
views
1824