ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့….
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
· ပဲပင်များ သီးတောင့်ဝင်ချိန်မှ အဝါရောင်ပြောင်း ညှိုးပြီးသေတာကို အတွေ့များလာရတဲ့အတွက် ထိုရောဂါလက္ခဏာနဲ့ ပတ်သတ်ပြီး ဆွေးနွေးအကြံပြု ပေးလိုက်ပါတယ်။
· ဝါပြီးညှိုးသေနေသော အပင်များတွေ့ပါက ပထမအချက်အနေနဲ့ ထိုအပင်ကို ဆွဲနုတ်ပြီး ပင်စည်ကို ဒေါင်လိုက်ခွဲကြည့် စစ်ဆေးပေးပါ။
· ပင်စည်ထဲတွင် ပိုးအညစ်အကြေး၊ လောက်ကောင်ရဲ့ရုပ်ဖုံးကိုတွေ့ရ မရ စစ်ဆေးပေးပါ။
· ဒုတိယအချက်အနေနဲ့ ပုံပါအတိုင်း အစာရေကြောအဖွဲ့အစည်းမှာ မဲနေတဲ့လက္ခဏာကိုတွေ့ရပါက Fusarium မှိုကြောင့် အဓိကဖြစ်သော လက္ခဏာဖြစ်ကြောင်းသိနိုင်ပါတယ်။
· ရောဂါတွေ့ရပါက Tebuconazole (သို့မဟုတ်) Trifloxystrobin/ Pyraclostrobin + Tebuconazole လိုဆေးမျိုးကိုအသုံးပြုနိုင်ပါတယ်။
· မြေဆောင်မှိုဖြစ်တဲ့အတွက် ပြောနေကျအတိုင်းပါပဲ လက္ခဏာပေါ်မှဆေးဖျန်းမယ်ဆိုရင် ထိရောက်ဖို့ခက်ပါတယ်။ ကြိုတင်မြေပြင်ကတည်းက မြေဆောင်မှိုသတ်ဆေးထည့်တာ၊ မျိုးစေ့လူးနယ်တာ၊ ပင်ကြွင်းပင်ကျန်ရှင်းတာ စတာတွေကို ကြိုတင်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- အစာကျွေးခြင်းကို နံနက် ၉:၀၀ နာရီနောက်ပိုင်းမှသာဆောင်ရွက်ရန်၊
- ထုံးထည့်ပါက ၂ လ သို့မဟုတ် ၃ လခြားပြီးမှသာ နောက်တစ်ကြိမ်ထည့်ရန်၊
- ညဘက်နဲ့ မနက်ပိုင်းတွင် အအေးပိုလာနိုင်တဲ့အတွက် ပျော်ဝင်အောက်ဆီဂျင်ရရှိရေးအတွက် ရေကိုလှုပ်ရှားပေးရန်၊
- ရေချဉ်ဖန်နှုန်းတက်နေပါက တစ်ဧကလျှင် ရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့်ပေးရန်၊
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437