cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားမှာရှိတဲ့ ပေါင်းမြက်များကိုရှင်းလင်း၍ ပင်ခြေကို ဘောင်တင်ပေးဖို့လိုပါတယ်။
  • ၂၀၂၅ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။

    #တိကျမှန်ကန် 

    Su Su San 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပဲစိုက်တောင်သူများထံသို့

    မြေပဲဥများစေဖို့အတွက်

    ·      အစိုဓါတ်လုံလောက်စွာရရှိရန် စိုက်ပျိုးချိန်မှန်အောင် စိုက်ပျိုးပါ။ ထယ်ရေးကို ညက်နေအောင် ပြုလုပ်ပါ။

    ·      မစိုက်ပျိုးမီ တစ်လအလိုမှာ မဖောက်ထုံးတစ်ဧက ပေါင် ၂ဝဝ-၃ဝဝ ထည့်ပြီး ထယ်ထိုးမြေပြင်ကာ နှပ်ထားဖို့ လိုပါတယ်။

    ·      စိုက်ပျိုးဖို့မြေပြင်ချိန်မှာ ဂျစ်ပဆန်ကျောက်မှုန့်တစ်ဧက ပေါင် ၂ဝဝ ထည့်ပေးဖို့လိုပါတယ်။

    ·      မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားမှာရှိတဲ့ ပေါင်းမြက်များကိုရှင်းလင်း၍ ပင်ခြေကို ဘောင်တင်ပေးဖို့လိုပါတယ်။ ဆင်းပြီးသား မြေပဲစွယ်တွေ မထိခိုက် စေရန်ဂရုပြုဆောင်ရွက်ပါ။

    မြေပဲစွယ်ဆင်းချိန်မှာ မြေတွင်းအစိုဓာတ် အလုံအလောက်ရှိဖို့ ဂရုစိုက်ဖို့ဖြစ်ပါတယ်။

    Source: အောင်ဆန်း(စိုက်ပျိုးရေး)

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    • ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေကုန်အောင်ထုတ်ပြီး ၇ ရက်ကြာ ပက်ကြားအက်သည်အထိ ထားရန်၊
    • ကန်အောက်ခြေရှိ ပိုးများသေစေရန် ထုံးဖြူးပေးထားရန်၊
    • ကန်ခြေမြေသားများကို ဖယ်ထုတ်၍ သီးနှံစိုက်ခင်းများတွင် သုံးရန်၊
    • ဆက်လက်မွေးမြူလိုသော ကန်များအနေဖြင့် ညဘက်အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့်ပေးရန်၊
    • ရေချဉ်ဖန်နှုန်းတိုင်းတာပေးရန်နှင့် ချဉ်ဖန်နှုန်းတက်နေပါက ထုံးထည့်ခြင်းကို ရှောင်းရှားပြီး ပုလဲမြေဩ ဇာ တစ်ဧက ၆ ပိဿာခန့် ထည့်ပေးရန် သို့မဟုတ် ရှာလကာရည် တစ်ဧက ၄ ပုလင်းခန့်ထည့်ပေးရန်၊

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
1
comments
0
views
1957