ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၃၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။
Weather Source: Su Su San
ငါး/ပုစွန် ကန်များအတွက် အကြံပြုချက်
ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
ခုချိန် ငါးကန်တွေမှာ ဘက်တီးရီးယားပိုးပေါက်တဲ့အချိန်ဖြစ်၍ ရေကို စစ်ဆေးပေးရန်၊
မြစ်ချောင်း၊ အင်းအိုင်များတွင်လည်း ရေကျချိန် ဘက်တီးရီးယားပိုးများပေါက်ချိန်ဖြစ်၍ အဆိုပါ ရေအရင်းမြစ်များမှ ရေကို ငါးကန်ထဲသွင်းချိန်တွင် ရေကို သေချာစစ်ဆေးပြီးမှာသာ သွင်းရန်၊
ငါးအကြေးခွံကျွတ်ခြင်း၊ ငါးအနီစက်ကျခြင်းတွေ ကျရောက်ချိန်ဖြစ်၍ ထုံးနဲ့ ဆားထည့်ပေးရန်၊
ငါးဗိုက်ဖောင်းခြင်း၊ ငါးအကြေးခွံကျွတ်ခြင်းတွေခံနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာထဲမှာ ပဋိဇီဝ ဆေးများ ထည့်ကျွေးပေးရန်၊
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437