မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်
မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၅,၀၀၀ိ/-ကျပ်မှ ၁၆,၀၀၀ိ/-ကျပ်အထိလည်းကောင်း၊ နှမ်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁,၄ဝ၀၀ိ/-ကျပ်မှ ၁၄,၅၀၀ိ/-ကျပ်လည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။
ယခင်လ(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နှင့် ယခုလ(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ)နှိုင်းယှဉ်ခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပဲဆီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၃၆၈/-ကျပ် တက်လာတာကို တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်း ၁၅,၂၂၀ိ/-ကျပ်ရှိခဲ့ပြီး ယခုလ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပျမ်းမျှဈေးနှုန်း ၁၅,၅၈၈/-ကျပ်ရှိပါတယ်။
အလားတူစွာ နှမ်းဆီ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို ယခင်လ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျှမ်းမျှ ဈေးနှုန်းနှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၄၈/-ကျပ် ကျနေတာကို တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလတွင် တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၁၄,၂၉၈/-ကျပ်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပျမ်းမျှ ဈေးနှုန်း ၁၄,၂၅ဝိ/-ကျပ်ရှိပါတယ်။
၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/-ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၈,၄၂၅ိ/-ကျပ်၊ စက်တင် ဘာလတွင် ၁၇,၁၂ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၈၅၆/-ကျပ်၊ နိုဝင်ဘာလတွင် ၁၃,ဝ၄၈ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၅,၂၂၀/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၅,၅၈၈/-ကျပ်ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။
နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ တစ်ဿာလျှင် ၁၂,၅၀၀ိ/- ကျပ်၊ မတ်လတွင် ၁၃,၁၀၀ိ/-ကျပ်၊ ဇွန်လတွင် ၁၃,၄၈၈/-ကျပ်၊ ဇူလိုင်လတွင် ၁၄,၆၁၀ိ/-ကျပ်၊ ဩဂုတ်လတွင် ၁၆,၂၆၀/-ကျပ်၊ စက်တင်ဘာလတွင် ၁၅,၇၁ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၁၃ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၁၄,ဝဝဝိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၄,၂၉၈/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၄,၂၅ဝိ/-ကျပ်ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။
ဈေးကွက် သုံးသပ်ခန့်မှန်းချက်
ပဲဆီဈေးနှုန်းအနည်းငယ်တက်လာပြီး နှမ်းဆီဈေးအနည်းငယ်ကျနေတာကို တွေ့ရပါတယ်။ ပဲဆီဈေး တက်လာရခြင်းမှာ တောင်သူလက်ဝယ်တွင် ပဲမရှိတော့ခြင်း၊ ဆီကြိတ်စက်များမှ လှောင်ထားခြင်းတို့ကြောင့် ဈေးအနည်းတက်လာတာကိုတွေ့ရပါတယ်။ နှမ်းဆီဈေးနှုန်းကျရခြင်းမှာ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာခြင်းတို့ကြောင့် ဈေးကျရခြင်းဖြစ်ပါတယ်။ ခန့်မှန်းချက်အနေဖြင့် တဖြည်းဖြည်းမြင့် တက်လာနိုင်ပါကြောင်း သုံးသပ်ခန့်မှန်းပေးလိုက်ရပါတယ်။