cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းတွင်းကာလ၌ ငါးများကို စနစ်တကျ ပြုစုစောင့်ရှောက်နည်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးတွေရဲ့ သဘာဝဟာ အပူချိန်ကျလာပြီဆိုရင် အောက်ဖော်ပြပါတွေ ပြောင်းလဲလာတဲ့အတွက် အဆိုပါ ပြောင်းလဲမှုများအနဲ့ အညီ ပြုစုစောင့်ရှောက်ရာမှာ ပြောင်းလဲပေးဖို့ လိုလာပါတယ်-
  •  ငါးမွေးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဆောင်းတွင်းကာလမှာ မိမိတို့ငါးကန်တွေမှာရှိတဲ့ ငါးကျန်းမာ ရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် ဂရုစိုက်ဖို့ဆိုရင် ပထမဆုံး နားလည်ရမယ့်အချက် တစ်ချက်ရှိ ရပါမယ်။ အဲဒါကတော့ ဆောင်းတွင်းကာလ ငါးတွေရဲ့ သဘောသဘာဝဖြစ်ပါတယ်။ 

    ငါးတွေရဲ့ သဘာဝဟာ အပူချိန်ကျလာပြီဆိုရင် အောက်ဖော်ပြပါတွေ ပြောင်းလဲလာတဲ့အတွက် အဆိုပါ ပြောင်းလဲမှုများအနဲ့ အညီ ပြုစုစောင့်ရှောက်ရာမှာ ပြောင်းလဲပေးဖို့ လိုလာပါတယ်- 

    ဇီဝကမ္မဖြစ်စဉ် နှေးလာခြင်း 

    ငါးတွေဟာ ဆောင်းတွင်းကာလမှာ ခန္ဓာကိုယ်အပူချိန်နဲ့ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်၍ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးလာပါတယ်။ တစ်ဆက်တည်းမှာဘဲ အစာစားနှုန်းနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ နှေးလာပါတယ်။ 

    ဆောင်းခိုခြင်း 

    ငါးအများစုဟာ ဆောင်းတွင်းကာလမှာ အေးတဲ့ ကန်ရေမျက်နှာပြင်ပေါ်ကနေ ရေအပူချိန် ပြောင်းလဲမှုနည်းတဲ့ ကန်အောက်ခြေကို သွားနေပြီး ဆောင်းခိုလေ့ရှိပါတယ်။ 

    အောက်ဆီဂျင်လိုအပ်ချက်ညှိခြင်း 

    ဆောင်းတွင်းမှာ ငါးတွေဟာ အောက်ဆီဂျင်ရှူသွင်းနှုန်းကိုလည်း လျော့ကျပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်ရနိုင်တဲ့ သင့်တော်တဲ့နည်းလမ်းတော့ လုပ်ပေးဖို့လိုပါတယ်။ 

    လေဝင်လေထွက်ဖန်တီးပေးခြင်း 

    အန္တရာယ်ရှိတဲ့ အငွေ့တွေဟာ ကန်ထဲမှာ ပျော်ဝင်နေတတ်ပါတယ်။ တကယ်လို့ လေဝင်လေထွက် ကောင်းစေမယ့်နည်းနဲ့ ရေကို လှည့်မပေးဘူးဆိုရင် ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ 

     ဆောင်ရွက်သင့်တဲ့ အဆင့်များ 

    ၁။ ဆောင်းကာလမတိုင်မီ ကန်ကိုပြင်ရန် 

    ဆောင်းကာလမတိုင်မီမှာ ကန်ထဲမှာရှိတဲ့ အမှိုက်သရိုက်၊ သစ်ရွက်ဆွေး၊ အစရှိတဲ့ အရာတွေကို ရှင်းလင်းပေးသင့်ပါတယ်။ ဒါမှသာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကနေ ကာကွယ်နိုင်မှာပါ။ တစ်ဆက်တည်းမှာဘဲ ကန်ထဲမှာပေါက်နေတဲ့ ရေနေပင်တွေကို ညှပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ပြီး ပြီဆိုရင်တော့ ကန်ထဲကို နောက်ထပ် အမှိုက်သရိုက်တွေ မကျဖို့ ကန်ပေါ်မှာ ပိုက်တွေမိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ 

    ၂။ အောက်ဆီဂျင်ပမာဏကို ထိန်းပေးရန် 

    ကျွန်တော်တို့ သိထားပြီးသလိုပါ။ ဆောင်းတွင်းကာလမှာ ရေလှည့်ပေးဖို့တွေလိုပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းစေတဲ့အရာတွေ၊ စက်ပစ္စည်းတွေ တပ်ဆင်ပေးဖို့လိုပါတယ်။ 

    ၃။ အစာကျွေးခြင်းကို လိုအပ်သလိုဆောင်ရွက်ပေးရန် 

    ဆောင်းတွင်း ကန်ရေအပူချိန်ဟာ ၅၀ ဒီဂရီဖာရင်အောက်ကျသွားမယ်ဆိုရင် အစာကျွေးတာကို ရပ်ပေးဖို့လိုပါတယ်။ ဆောင်းတွင်းမှာ ငါးတွေရဲ့ အစာခြေနှုန်းဟာ သိသိသာသာကို နှေးလို့ဖြစ်ပါတယ်။  

     ၄။ အေးခဲခြင်းမှ ကာကွယ်ရန် 

    ငါးကန်ရေဟာ အေးခဲသွားတဲ့အဆင့်ထိရောက်မသွားရင် ဘာမှမဖြစ်ပါဘူး။ တကယ်လို့ ရေခဲတဲ့ ဒေသတွေမှာဆိုရင် ရေနွေးပေးစက်လေးတပ်ပေးဖို့လိုပါတယ်။ 

    ၅။ ရေအရည်သွေးကို ပုံမှန်စစ်ပေးရန် 

     ရေချဉ်ဖန်နှုန်း၊ အမိုးနီးယားနဲ့ နိုက်ထရိတ်ပမာဏကို ညှိပေးဖို့လိုပါတယ်။ အကျိုးပြုဘက်တီးရီးယား တွေဖောက်ဖွားစေတဲ့ အရာတွေကိုထည့်ပေးသင့်ပါကြောင်း ထည့်သွင်းဆွေးနွေးပေးလိုက်ရပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    Source: aquascapes.com/winter-fish-care/#:~:text=Steps%20for%20Effective%20Winterizing%20Fish%20Care%201%201.,...%205%205.%20Regularly%20Monitor%20Water%20Quality%20 


  • article
likes
11
comments
0
views
2296