မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
ရောဂါဖြစ်ကြောင်းအမျိုးမျိုးကြောင့် ကြက်သွန်ဥပုပ်ရောဂါအတွက် အခက်ကြုံနေတဲ့ တောင်သူများအတွက် ……
- ရောဂါလက္ခဏာများကို သေချာခွဲခြားသိရှိနိုင်ရန် အရေးကြီးပါတယ်။
- ပုပ်တဲ့ လက္ခဏာက ကြက်သွန်ရဲ့အပေါ်ပိုင်း လည်တိုင်ကစပြီးပုပ်တာဆိုရင် တော့ ၂ မျိုးဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ပုပ်တာနဲ့ Botrytis မှို ကြောင့်ပုပ်တာပါ။ Botrytis မှို ကြောင့်ပုပ်တဲ့ဥ ဆိုရင်တော့ မှိုမျှင်တွေနဲ့ မှိုအလုံးတွေပါနေတာတွေ့ရနိုင်ပါတယ်။
- ပုပ်တဲ့ လက္ခဏာက ကြက်သွန်ဥရဲ့ အောက်ခြေ အမြစ်ရှိတဲ့အပိုင်းက စပြီးပုပ်တာဆိုရင်တော့ ဖြူစေရီယမ် မှိုကြောင့်ပုပ်တာဆိုပြီး ခွဲခြားသိနိုင်ပါတယ်။
ဥပုပ်ရောဂါကျရောက်ခဲ့ရင်
• နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံ မသုံးပါနဲ့။
• စိုက်ပျိုးထားချိန်မှရိတ်သိမ်းချိန်အထိ ကြက်သွန်ဥကို မထိခိုက်စေရန်သတိပြုပါ။
• ကြက်သွန်ဥများကို အပင်အပေါ်ပိုင်းအရွက်များအားလုံး ကျပြီးချိန်မှသာရိတ်သိမ်းပါ။
• အေးမြခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသေနေရာတွင် သိုလှောင်ပါ။
• ဓါတုဆေးသုံးစွဲခြင်းက ထိရောက်မှုနည်းတဲ့အတွက် စိုက်နည်းစနစ်များ သေချာစွာ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊
- ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေထုတ်ပြီးနောက် ကန်အောက်ခြေ နွံထုကို စစ်ဆေးပေးရန်နှင့် အကယ်၍ နွံထုထည်သည် ၈ လက်မထက်ကျော်နေပါက ဖယ်ထုတ်ပေးရန်၊
- ကန်အောက်ခြေ နွံထုကို ၈ လက်မအထိသာထားရန်၊
- ကန်အောက်ခြေနွံကို ဖယ်ထုတ်ပြီးပါက ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊
- နွံဖယ်ပြီးကန်တွင် ကန်အောက်ခြေနှင့် ကန်ဘေးပတ်ပတ်လည်အား တစ်ဧက ပိဿာ ၁၀၀ နှုန်းဖြင့် ထုံးဖြူးပေးရန်၊
- အထက်ပါအဆင့်များဆောင်ရွက်ပြီး ၇ ရက်နေမှသာ ကန်ရေသွင်းခြင်းကို ဆောင်ရွက်ရန်၊
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437