ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်
ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- ရာသီဥတု အရမ်းအေးနေ၍ အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ကန်ရေလှယ်ခြင်း၊ ရေဒလတ်လည် ပတ်ခြင်းနဲ့ ရေဖြန်းပေးခြင်းတွေကို ညဘက်နဲ့ မနက်စောစောတွင် ဆောင်ရွက်ရန်၊
- ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်ရန်၊
- သဘာဝမြစ်ချောင်းများတွင်လည်း ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ အဆိုပါရေကို ငါးကန်အတွင်း ရေသွင်းရာတွင် ရောဂါပိုးများပါလာနိုင်တဲ့အတွက် ရေအရည်အသွေးကို စစ်ဆေးပြီးမှသာ သွင်းရန်၊
- ငါးစာထဲတွင် ပဋိဇီဝဆေးများထည့်ကျွေးပေးရန်၊
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437