cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ဒီတစ်ပတ်မှာတော့ ပြောင်း ၊ မတ်ပဲ၊ ပဲစင်းငုံ စျေးတက်လာပြီး စပါးနဲ့ ပဲပုပ် စျေးကျပါတယ်။
  • (၂၀. ၁ . ၂၀၂၅ မှ ၂၄. ၁. ၂၀၂၅)   

    စပါး

    စပါးစျေးကွက်ကတော့ စျေးတန်း ကျဆင်းနေတဲ့အပြင် ကုန်သည်တွေက စပါးအဝယ်တွေ ရပ်ထားကြပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဆန်တွေစျေးကျလာတာကြောင့် ကုန်သည်တွေက ဆန်အဝယ်ရပ်လိုက်တဲ့အတွက် ကုန်သည်ကြီးတွေ၊ ဆန်စက်ပိုင်တွေကလည်း စပါးဝယ်ယူမှုကို ရပ်နား မှု ရှိနေတာဖြစ်ပါတယ်။

    အရင်က စပါးတင်းတစ်ရာကို ၂၃ သိန်းကျပ်နှုန်း ရရှိတဲ့စပါးတွေက လက်ရှိမှာ သိန်း၂၀အောက်ထိ စျေး ကျနေတာဖြစ်ပါတယ်။

    စလင်းနဲ့ကုန်းဇောင်းကထွက်တဲ့ ဧရာပဒေသာစပါးအဟောင်းတွေဆိုရင်လည်း ၃၂ သိန်းကနေ ၃၅ သိန်း ကျပ်သာရှိနေပါတယ်။ ဧရာဝတီပေါ်ဆန်းအသစ်တွေလည်း ၂၇ သိန်းကျပ်ဝန်းကျင်သာ ရှိနေပါတယ်။

    မတ်ပဲ

    မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ အကျရပ်သွားပြီး စျေးတန်း အတက်ပြလာတာတွေ့ရပါတယ်။ အိန္ဒိယက အဝယ်အေးပေမယ့်လည်း ရန်ကုန်လှောင်သမားတွေ အဝယ်ရှိသလို နယ်လှောင်လက်သမားတွေ ဝယ်ယူခြင်း၊ ပဲခွက်စက်တွေ ဝယ်ယူမှုရှိတာကြောင့် စျေးတန်းပြန်မာလာတဲ့ အခြေအနေရှိပါတယ်။

    မတ်ပဲအသစ်တွေကတော့ မန္တလေးကုန်စည်ဒိုင်၊ ပြည်၊ အောင်လံ၊ ဟင်္သာတကုန်စည်ဒိုင်တွေကို ဝင်ရောက်မှု ရှိနေပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၇၇၀၀၀ ကျပ်သာရှိပြီး သောကြာနေ့မှာ ၃၀၈၂၀၀၀ ကျပ် ရှိပါတယ်။ တစ်ပတ်အတွင်း ၁ သိန်းကျော် လောက် တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း စျေးတက်လာပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၇၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ်လောက်တက်ပါတယ်။

    ပဲစင်းငုံ

    စျေးဆက်တိုက်ကျခဲ့တဲ့ ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာတော့ အကျရပ်သွားပြီး စျေးပြန်တက်လာပါ တယ်။ မြန်မာပဲစဥ်းငုံကို အိန္ဒိယနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြုလိုက်ပြီးနောက်မှာ ပဲစင်းငုံစျေး ခု လိုပြန်တက်လာတာ ဖြစ်ပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီ တစ်တန် ကို ၂၈၈၀၀၀၀

    ကျပ်သာရှိပြီး သောကြာနေ့မှာ ၃၀၃၀၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁၅၀၀၀၀ လောက်အတက်ပြခဲ့ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပဲစင်းငုံနီ ပိဿာ ၆၀ တစ်အိတ်ကို ၂၈၅၀၀၀ မှ ၂၈၈၀၀၀ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ်တက်လာပါတယ်။

    ပြောင်း

    အရင်အပတ်က ကျရိပ်ပြခဲ့တဲ့ ပြောင်းကလည်း ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံ ကို ပြည်ပဝယ်လိုအားရှိလို့ စျေးတက်လာတာဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှုအတွက် အရည်အသွေး ကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာဖြစ်ပါတယ်။

    ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၉၀ ကျပ်အထိရှိလာ ပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၃၀ကျပ်တက်လာပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပြီး အရင်အပတ်ကထက် ၂၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။

    ပဲပုပ်

    ပဲပုပ် (မြန်မာ)က စျေးကျသွားပြီး ပဲပုပ်(ရှမ်း)က စျေးငြိမ်နေပါတယ်။ ပဲပုပ်(မြန်မာ)က ကုန်စည်ဒိုင် တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိခြင်းကြောင့် စျေးကျနေတာဖြစ်ပါတယ်။ ပဲပုပ်(ရှမ်း) ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်း ခြင်းကြောင့် စျေးငြိမ်နေတာပါ။

    မန္တလေးကုန်စည်ဒိုင်မှာ ပဲပုပ်(မြန်မာ) သုံးတင်းတစ်အိတ်ကို ၃၁၅၀၀၀ ကျပ်သာရှိလို့ အရင်အပတ်ကထက် ၈၅၀၀၀ ကျသွားပါတယ်။ ပဲပုပ်(ရှမ်း)ကတော့ ၃၂၀၀၀၀ မှ ၃၃၀၀၀၀ နဲ့စျေးငြိမ်နေပါတယ်။

    (AMIA)

    ---------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
2
views
2427