cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးဈေးတိုးဝယ်သော်လည်း ရောင်းမည့်သူမရှိဟုဆို

. ဈေးကွက်သတင်းများ
“စပါးတွေရိတ်ပြီးကြလို့ တောင်သူတွေဆီစပါးဈေးတိုးဝယ်ပေမဲ့ ဒီနှစ်ကစပါးရောင်းတဲ့သူသိပ်မရှိကြဘူး။ ရတဲ့စပါးလေးတွေကို သိမ်းထားကြတာများတယ်”ဟုစပါးဝယ်လက်တစ်ဦးက ပြောပါတယ်။
  • နေပြည်တော်တွင်စပါး‌ဝယ်လက်များက ဈေးတိုးဝယ်သော်လည်း စပါးရောင်းမည့်သူသိပ်မရှိကြောင်း စပါးဝယ်မည့်သူများထံမှသိရပါတယ်။

    “စပါးတွေရိတ်ပြီးကြလို့ တောင်သူတွေဆီစပါးဈေးတိုးဝယ်ပေမဲ့ ဒီနှစ်ကစပါးရောင်းတဲ့သူသိပ်မရှိကြဘူး။ ရတဲ့စပါးလေးတွေကို သိမ်းထားကြတာများတယ်”ဟုစပါးဝယ်လက်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့သည့်မိုးကာလတွင် နေပြည်တော်တစ်ဝန်းရေကြီးရေလျံမှုများကြောင့် စပါးခင်းများစွာပျက်စီးခဲ့ရပြီး စပါးခင်းအနည်းအငယ်သာကျန်ရှိသဖြင့် စပါးစိုက်တောင်သူများအရှုံးပေါ်ခဲ့ကြ‌တယ်လို့ဆိုပါတယ်။

    “ပြီးခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေမှာ စပါးခင်းတွေ အများကြီးရေနစ်ခဲ့တာ၊ ရေကနစ်ရုံတင်မကဘူး စပါးပင်တွေပါ နူံးတွေဖုံးကြတော့ တောင်သူတွေ ကိုယ့်လယ်ကွက်ကိုတောင် မနည်းပြန်ဖော်ရတာ။ နောက်တောင်သူတွေ အိမ်မှာလှောင်ထားတဲ့ စပါးတွေတောင် ရွာတွေထဲအထိရေတွေဝင်တော့ စပါးတွေအတော်များရေမြုပ်တဲ့အထဲ ပါသွားကြတာတွေရှိတယ်။ စပါးစိုက်တောင်သူတွေလက်ထဲမှာ စပါးမရှိဘူး။ ဈေးတိုးပေးလည်းရောင်းဖို့ မပြောနဲ့စားဖို့တောင်မရှိဘူး။ ကျန်တဲ့စပါးခင်းတွေကလည်းစပါးအရနည်းတော့ ဝမ်းစာထားရတော့ ရောင်းမဲ့သူမရှိဘူး ”ဟုစပါးစိုက်တောင်သူတစ်ဦးမှပြောပါတယ်။

    ယခင်နှစ်များက စပါးဝယ်ဈေး တင်း၁၀၀လျှင် သိန်း၂၀အထိ သာဈေးပေါက်ခဲ့သော်လည်း ယခုနှစ်တွင် ၂၃သိန်း/၂၄သိန်းအထိ ဈေးတိုးပေးကာ ဝယ်နေကြကြောင်း သိရပါတယ်။

    ဘော်ဘော်(နေပြည်တော်)

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
12
comments
2
views
1339