cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းပင်ရောဂါမကျရောက်ဖို့ ဘယ်လိုကာကွယ်မလဲ ??

. ရောဂါ
ကွမ်းပင်များကျန်းမာရေးကောင်းပြီး ရောဂါပိုးများအလွယ်တကူမကျရောက်စေရန် အောက်ဖော်ပြပါ ဆောင်ရွက်ချက်များကို ပြုလုပ်ရမည်ဖြစ်သည်။
  • (၁) နိုက်ထရိုဂျင်ဓါတ်ကို လိုသည်ထက်ပိုမကျွေးပါနှင့်။  

        - နိုက်ထရိုဂျင်ဓါတ်ကို အဆမတန်၊အချိုးမမှန်၊စဉ်ဆက်မပြတ်ကျွေးခြင်းသည် ကွမ်းရောဂါကျရောက်ခြင်း၏ အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။နိုင်ထရိုဂျင်လွန်ကဲခြင်း၊ အခြားအာဟာရဓါတ်စင်များ ချို့တဲ့ခြင်းသည် အပင်အတွင်း ရောဂါဝင်ရောက်နိုင်ရန် လမ်းခင်းပေးခြင်းဖြစ်သည်။  

     (၂) ပိုတက်စီယမ်ခေါ် ပြာဓါတ်ကို အလုံအလောက်ကျွေးပါ။  

       - ပိုတက်စီယမ်ဓါတ်သည် အပင်ကိုကျန်းမာသန်စွမ်းစေသည်။ တောင့်တင်းခိုင်မာစေသည်။ မူလကတောင့်တင်းခိုင်မာသော အပင်ကိုရောဂါမကျရောက်နိုင်ပေ။  

     (၃) ဖော့ဖရပ်(စ်) ခေါ် မီးစုန်းဓါတ်နှင့် ဆာဖာလ်ခေါ် ကန့်ဓါတ်ကို အလေးထားကျွေးပါ။  

         - ပင်ပိုင်းကြီးထွားခြင်း ၊ အရွက်ရရှိရေးအတွက် နိုက်ထရိုဂျင်တစ်မျိုးတည်းကို အလေးထားခြင်းထက် အာဟာရစုံလင်စွာ ရရှိရေးကို အလေးထားရန်လိုအပ်ပေသည်။  

     (၄) အလင်းရောင်ကို အပင်ခံနိုင်သလောက်ပေးပါ။  

     - အလင်းရောင်နည်းခြင်းသည် အပင်ကိုအားနည်းစေပြီး ရောဂါဝင်လွယ်စေသည်။  

     (၅) ခြံအတွင်း လေဝင် လေထွက်ကောင်းမွန်အောင်ထားပါ။  

         -  လေဝင် လေထွက်မကောင်းခြင်းသည် အပင်များဆီသို့ ရောဂါပိုးများဝင်ရောက်နိုင်ရန် အားပေးသည်။  

     (၆) ရေကိုလိုအပ်သည်ထက် ပိုမလောင်းပါနှင့်။ 

    -   ရေသည် လိုအပ်သည်ထက် ပိုပါက ဆိုးကျိုးကိုဖြစ်စေနိုင်သည်။ ကပ်ပါးရောဂါအမျိုးမျိုးသည် ရေမှတဆင့် အပင်းများဆီသို့ ရောဂါပြန့်ပွားရောက်ရှိစေနိုင်သည်။ ထို့ကြောင့် ညအချိန်တွင် အပင်၏အရင်းနှင့်အရွက်များပေါ်တွင် ရေများမကျန်ရှိသင့်ပေ။  

     (၇) မှိုသတ်ဆေးများဖြစ်သော ဘော်ဒို၊အော်သိုဆိုက်၊မင်ကိုဇက် စသည်တို့ကို လိုအပ်သလိုအသုံးပြုပါ။  

    -  ကွမ်းပင်များ၏ရောဂါများကို ကာကွယ်ရန်အတွက်လည်းကောင်း၊ကုသရန်အတွက်လည်းကောင်း မှိုသတ်ဆေးများမှာ များစွာအထောက်အကူပြုနိုင်သည်။  

     (၈) ကွမ်းပင်များ၏ရောဂါလက္ခဏာကို အမြဲလေ့လာပြီး လိုအပ်သလိုဆောင်ရွက်ပါ။  

          -  မိမိအပင်များကို အမြဲလေ့လာနေပါက ရောဂါလက္ခဏာများကို အချိန်မနှောင်းမီ တွေ့ရှိပြီး အချိန်မီကုသနိုင်မည်ဖြစ်သည်။  

     (၉) အပင်များကိုသန့်ရှင်းအောင်ထားပါ။  

        -     အနာများကို ဖြတ်တောက်ပစ်ခြင်း၊ ပင်သေများကိုနှုတ်ပြီးဖျက်ဆီးပစ်ခြင်း၊ရောဂါများခိုအောင်းပြီး ပေါက်ပွားမည့် အညစ်အကြေးများကို ရှင်းထားရန်အရေးကြီးသည်။  

     (၁၀) ကွမ်းခြံအတွင်း မလိုအပ်သောဝင်ထွက်မှုများကို ထိန်းချုပ်ခြင်း  

    -   ကွမ်းခြံအတွင်း လူအဝင်အထွက်များခြင်းသည် ရောဂါအခြေအနေကို ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် မလိုအပ်သောဝင်ထွက်မှုမျိုးကို တားဆီးခြင်းသည် အမှန်တကယ်လိုအပ်သောလုပ်ရပ်ဖြစ်သည်။  

     (၁၁) ကွမ်းပင်များတွင် ရောဂါလက္ခဏာစတွေ့သည်တပြိုင်နက် ရေနှင့်အစာကို ခေတ္တဖြတ်ထားပါ။  

     (၁၂) ဝန်းကျင်ဖိစီးမှုကို ကာကွယ်ကုသခြင်း  

    - မွေးမြူရေးတိရစ္ဆာန်များဖြစ်သော ကြက်၊ဘဲ၊ဝက် စသည်တို့သည် ဆိုးဝါးသောရာသီဥတုတွင် ဝန်းကျင်ဖိစီးမှုဒဏ် (Stress) ကို ခံရမြဲဖြစ်သည်။ ဥ ဥနှုန်းကျဆင်းခြင်း၊အလေးချိန်တိုးနှုန်းကျဆင်းခြင်းတို့မှာ ဝန်းကျင်ဖိစီးမှု၏ ဒဏ်ရာဒဏ်ချက်များဖြစ်သည်။  

     ကွမ်းပင်များသည်လည်း အထူးသဖြင့် နွေကာလများနှင့် အေးလွန်းသောဆောင်းကာလများ၌ ဝန်းကျင်ဖိစီးမှုဒဏ်ကို ခံကြရသည်။ကြီးထွားနှုန်းနှေးခြင်း၊အပင်အားနည်းခြင်း၊အရွက်များခွက်ခြင်း၊ ရွက်နားများခြောက်ခြင်း တို့မှာ ဝန်းကျင်ဖိစီးမှု၏လက္ခဏာများဖြစ်သည်။  

    ဝန်းကျင်ဖိစီးမှုဒဏ်ကို နိုးဆွပစ္စည်းများဖြစ်သော အက်တော်နစ်နှင့် လစ်တိုစင်တို့ ကြိုက်ရာတစ်မျိုးမျိုးကို အသုံးပြုခြင်းဖြင့် ကုစားနိုင်သည်။  

    ဦးဖရက်သိန်းဖေ 

    ကွမ်း-၁ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။  


  • article
likes
6
comments
0
views
2553