ဟင်းသီးဟင်းရွက်စားသုံးခြင်း နှင့် အာဟာရအကျိုးအာနိသင်များ
(၁) အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များသည် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့် အတွက် မျက်လုံး၊ အရိုး၊ သွားများ သန်မာစေသည်။ အသည်းနှင့် အရည်ပြားကျန်းမာရေးကောင်းစေသည်။
(၂) အဝါ/ လိမ္မော်ရောင် ရှိ ဟင်းသီးဟင်းရွက်များ သည် Beta carotene (ဘီတာကာရိုတင်း) ၊ Carotenoid (ကာရိုတီးနွိုက်) နှင့် Anti-oxidant (အင်တီအောက်ဆီးဒင့်) ကြွယ်ဝသော အရင်းအမြစ် များဖြစ်သည်။ ကိုယ်ခံအားကောင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှု့ အားပေးသည်။ မျက်လုံးနှင့် နှလုံးကျန်းမာရေးပါကောင်းစေသည်။
(၃) အနီရောင် ရှိ ဟင်းသီးဟင်းရွက်များဖြစ်သည့် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ နဲ့ ပဲနီကဲ့သို့ အနီရောင် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်စီယမ်နဲ့ antioxidants တွေ ကြွယ်ဝတဲ့ အတွက် နှလုံး နှင့် ဆီးအိမ် ကျန်းမာစေပြီး မှတ်ညဏ်ကောင်းစေသည်။
(၄) အဖြူ/အညိုရောင်ရှိ ဟင်းသီးဟင်းရွက်များသည် အအေးမိခြင်းနှင့် ဗိုင်းရပ်စ်များကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးကာ ကိုယ်ခံအားကောင်းစေသည်။ ၄င်းတွင် ပါဝင်သော antioxidant မော်လီကျူးများသည် နှလုံးရောဂါ၊ ကင်ဆာနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပြီး အရိုးများလည်းသန်စွမ်း စေသည်။
(၅) ခရမ်း/ အပြာရောင်ရှိ ဟင်းသီးဟင်းရွက်များ နှင့် အစားအစာများတွင် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပြီး ပြန်လည်ပြုပြင်ပေးသည့် anthocyanins ပါဝင်သည်။ Anthocyanins ခေါ် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများသည် ကင်ဆာ၊ နှလုံးရောဂါနှင့် အာရုံကြောဆိုင်ရာ အခြေအနေများကို ကာကွယ် ပေးနိုင်သည့် အတွက် ဦးနှောက်ကျန်းမာရေးကို အားပေးပြီး မှတ်ညဏ်ကောင်းစေသည့်အပြင် နှလုံးခုန်အားကောင်းစေသည်။
Htwet Toe
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437🌱🌱