cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
နှစ်စဥ်နှစ်တိုင်း အဝါရောင်မိုဆေ့ဗိုင်းရပ်စ် (တောင်သူအခေါ် အဝါဖောက်ရောဂါ) စတင်တဲ့အခင်းများရှိပါက တစ်ကွင်းလုံးမှာ တစ်ပင်မြင်တာနဲ့ ဆွဲနုတ်ပစ်ပါ။ မနှမြောပါနဲ့။
  • ပဲခူးတိုင်းဒေသကြီးတွင် ၄၈နာရီအတွင်း နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါတယ်

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့….

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • နှစ်စဥ်နှစ်တိုင်း အဝါရောင်မိုဆေ့ဗိုင်းရပ်စ် (တောင်သူအခေါ် အဝါဖောက်ရောဂါ) စတင်တဲ့အခင်းများရှိပါက တစ်ကွင်းလုံးမှာ တစ်ပင်မြင်တာနဲ့ ဆွဲနုတ်ပစ်ပါ။ မနှမြောပါနဲ့။
    • ဆွဲမနုတ်ပစ်ပဲ ဒီတိုင်းထားလိုက်ပါက အဝါရောင်မိုဆေ့ဗိုင်းရပ်စ်ရောဂါက စိုက်ခင်းတစ်ခင်းလုံးကိုပြန့်နှံ့သွားပြီး ပဲတောင့်တွင်းရှိ ပဲစေ့အရည်အသွေးကိုကျဆင်းစေနိုင်ပါတယ်။
    • နောက်ရက်အပူချိန်ပြန်မြင့်လာပြီး စိုက်ခင်းစိုထိုင်းဆနည်းလာပါက ယင်ဖြူ ကျရောက်မှု ရှိ၊မရှိ သေချာကွင်းဆင်းစစ်ဆေးပေးပါ။
    • ယင်ဖြူအတွက်အသုံးပြုနိုင်သောဓာတုဆေးများ- Cyantraniliprole, Dinotefuran, Pymetrozine+ Nintepyram
    • ယင်ဖြူအတွက်ဆေးဖျန်းပြီး ၁ ပါတ်ကြာပါက - ပိုတက်စီယမ် (K)+ ငါးအမိုင်နိုတစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ-

    -      မနက်ပိုင်း နှင်းထူထူ ကျတက်တဲ့ကာလဖြစ်၍ အောက်ဆီဂျင်ပြတ်လပ်တာ ကြုံရနိုင်တဲ့အတွက် ရေကို လှည့်ပေးရန်၊

    -      ရေဩဇာများလွန်းသောကန်များတွင် အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ရေဩဇာကို သာမန်အနေ ထားတွင်သာ ထားရှိရန်၊

    -      ကန်ရေအရောင်ဟာ အစိမ်းရင့်အနေအထားမှ အစိမ်းနုရောင်အနေအထားတွင် ရေဩဇာထားရန်၊

    -      ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ခုခံအားကောင်းစေရန် အစာထဲတွင် ဗိုက်တာမင်စီထည့်ကျွေးပေးရန်၊

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
2
views
2365