ပဲခူးတိုင်း မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးတွင် ၄၈နာရီအတွင်း နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါတယ်
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ-
- မနက်ပိုင်း နှင်းထူထူ ကျတက်တဲ့ကာလဖြစ်၍ အောက်ဆီဂျင်ပြတ်လပ်တာ ကြုံရနိုင်တဲ့အတွက် ရေကို လှည့်ပေးရန်၊
- ရေဩဇာများလွန်းသောကန်များတွင် အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့အတွက် ရေဩဇာကို သာမန်အနေ ထားတွင်သာ ထားရှိရန်၊
- ကန်ရေအရောင်ဟာ အစိမ်းရင့်အနေအထားမှ အစိမ်းနုရောင်အနေအထားတွင် ရေဩဇာထားရန်၊
- ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ခုခံအားကောင်းစေရန် အစာထဲတွင် ဗိုက်တာမင်စီထည့်ကျွေးပေးရန်၊
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437