cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
အပင်မပေါက်မီမှာ သေသွားတာမျိုးတွေ တွေ့ရပြီဆိုရင်တော့ ငရုတ်မှည့်ပြောက်စွန်းရောဂါကျတာဖြစ်ပါတယ်
  • မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    ငရုတ် သီးတောင့် အရွက် နှင့် ပင်စည်တွေမှာ

    ·      အနာချိုင့်ကွက်ပုံစံ အမဲစက်လေးတွေနဲ့အရစ်တွေ၊

    ·      အကိုင်းတွေကတော့ ညိုးပြီး ခြောက်သွားတာတွေ၊

    ·      အပင်ငယ်အဆင့်မှာ ခါးရိပြီးသေတာနဲ့

    ·      အပင်မပေါက်မီမှာ သေသွားတာမျိုးတွေ တွေ့ရပြီဆိုရင်တော့ ငရုတ်မှည့်ပြောက်စွန်းရောဂါကျတာဖြစ်ပါတယ်

    ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းဖို့အတွက်

    ·      မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးပါ

    ·      ပလပ်စတစ်နှင့် အပင်ခြေမြေကြီးကို ဖုံးအုတ်စိုက်ပျိုးပါ

    ·      စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှုအခြေနေအား ပုံမှန်စစ်ဆေးပါ

    ·      ရောဂါကျ အပင်အစိတ်ပိုင်းကို ညှပ်ထုတ်ဖယ်ရှားပါ

    ·      စိုးစိုးရွားရွားရောဂါကျနေသောအပင်ကို နှုတ်ယူဖျက်စီးပါ

    ·      လက်ခံပင်မဟုတ်သောသီးနှံနှင့် ၂-၃ နှစ်လောက် သီးလှည့်စိုက်ပျိုးပါ

    ·      Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    -ရေထုတ်ရန် မလွယ်တဲ့ဒေသဖြစ်၍ အစာကြွင်းကျန်များ ကန်ထဲတွင် မရှိစေရန်အတွက် အစာကို သတ်မှတ်နှုန်းတားထက် ပိုမကျွေးရန်၊

    -ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်ရန်၊

    -ဗိုက်တာမင်စီနဲ့ သတ္တုဓါတ်ပါသော အစာများကို ဖြည့်စွက်စာအနေဖြင့် ထည့်ကျွေးပေးရန်၊

    -ကာလတိုအတွင်း ကြီးထွားမှုမြန်သော ငါးမျိုးများကို မွေးမြူရန်၊

     -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
0
comments
0
views
786