cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မုန့်ပေါင်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ပွဲစျေးတန်းတော်တော်များများမှာ မီးဖိုပေါ်မှာ ပေါင်းအိုးလေးတွေတင်ပြီး လတ်လတ်ဆတ်ဆတ် လုပ်ရောင်းနေကြ တာမို့ ဝယ်ယူစားသုံးကြသူများအတွက်လည်း ပူပူနွေးနွေး အငွေ့ တထောင်းထောင်းထနေတဲ့ "မုန့်ပေါင်း"လေးတွေကို သန့်ရှင်းလတ်ဆတ် စွာ စိတ်သန့်သန့်လေး ဝယ်ယူစားသုံးလေ့ရှိကြပါတယ်။
  • အခုတစ်ခါမှာတော့ ချစ်စွာသော စာရှုသူများအတွက် မုန့်လက်နှိပ်၊ မုန့်လက်ကောက်၊ မုန့်စိမ်းပေါင်း၊ မုန့်ကျွဲသည်း၊ မုန့်လုံးရေပေါ်၊ ရေမုန့်၊ ဘိန်းမုန့်၊ မုန့်ဦးနှောက်၊ ကောက်လှိုင်းတီမုန့် စတဲ့ မြန်မာ့ရိုးရာမုန့်များစွာရှိတဲ့အထဲက မုန့်ပေါင်း ပြုလုပ်စားသုံးပုံများ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

    "မုန့်ပေါင်း"ကိုတော့ စာရှုသူအများ သိရှိကြမယ်လို့ ထင်ပါ တယ်။ အထူးသဖြင့် ပွဲစျေးတန်းတော်တော်များများမှာ မီးဖိုပေါ်မှာ ပေါင်းအိုးလေးတွေတင်ပြီး လတ်လတ်ဆတ်ဆတ် လုပ်ရောင်းနေကြ တာမို့ ဝယ်ယူစားသုံးကြသူများအတွက်လည်း ပူပူနွေးနွေး အငွေ့ တထောင်းထောင်းထနေတဲ့ "မုန့်ပေါင်း"လေးတွေကို သန့်ရှင်းလတ်ဆတ် စွာ စိတ်သန့်သန့်လေး ဝယ်ယူစားသုံးလေ့ရှိကြပါတယ်။

    မုန့်ပေါင်းကိုတော့ နေရာဒေသကိုလိုက်ပြီး အချို၊ အဆိမ့် နှစ်မျိုးလုပ်စားလေ့ရှိကြပါတယ်။ အညာဒေသများမှာတော့ ပဲလွန်းစေ့ များနဲ့ အဆိမ့်လုပ်စားလေ့ရှိကြသလို ရခိုင်ပြည်နယ်ဘက်မှာတော့ အုန်းသီးနဲ့ ထန်းလျက်ကို ယိုထိုးပြီး မုန့်ပေါင်းထဲမှာ ဌာပနာထည့်ကာ အချိုလုပ်စားကြပါတယ်။ ညဘက်ပွဲစျေးတန်းများမှာတော့ ပဲလွန်းနဲ့ လုပ်တဲ့ မုန့်ပေါင်းဆိမ့်ဆိမ့်လေးကော အုန်းသီးထန်းလျက်ဌာပနာထား တဲ့ မုန့်ပေါင်းအချိုလေးများကိုပါ အလွယ်တကူ ဝယ်ယူစားသုံးလို့ ရပါတယ်။

    ရန်ကုန်မြို့က ရခိုင်အစားအစာရောင်းတဲ့ ဆိုင်များမှာတော့ နေ့လယ်ဘက်မှာကော ညနေနဲ့ ညများမှာပါ အုန်းသီးထန်းလျက်ဌာပနာ ထားတဲ့ မုန့်ပေါင်းအချိုကို အချိုပွဲအနေနဲ့ အလွယ်တကူ ဝယ်ယူသုံး ဆောင်နိုင်ကြပါတယ်။

    မုန့်ပေါင်းလုပ်မယ်ဆိုရင်တော့ "မုန့်ပေါင်း"ဆိုတဲ့အတိုင်း မုန့်ကို ပေါင်းရတာမို့ မုန့်ပေါင်းဖို့အတွက် အဝကျဉ်းတဲ့ အိုးတစ်လုံးကတော့ အမှန်တကယ်လိုအပ်ပါတယ်။

    မုန့်ပေါင်းလုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ ပေါင်းအိုးအတွက် အဝကျဉ်းမြေအိုး ဒါမှမဟုတ် ဒန်အိုးတစ်လုံး၊ ပေါင်း အိုးကို ဖုံးဖို့အတွက် မြေစလောင်းဖုံး တစ်ခု၊ မုန့်ပေါင်းတဲ့အခါ အပေါ်က အုပ်ရမယ် မြေစလောင်းဖုံးတစ်ခု၊ မုန့်ပေါင်းလုပ်မယ့် ပုံစံခွက်လေး တစ်ခု၊ ဆန်ချော နို့ဆီဘူး ၂ ဘူး၊ ဆန်ကြမ်း နို့ဆီဘူး ၂ ဘူး၊ ပဲလွန်းစေ့ နို့ဆီဘူး ၁ ဘူး၊ အုန်းသီး ၁ ခြမ်း၊ ထန်းလျက် ၁၀ ကျပ်သားတို့ လိုအပ်ပါတယ်။

    လိုအပ်တဲ့ အဆာတွေနဲ့ မုန့်လုပ်ဖို့အတွက် ပစ္စည်းတွေစုံပြီ ဆိုရင်တော့ ပထမဆုံး ဆန်ကြမ်းနဲ့ ဆန်ချော ၂ မျိုးလုံးကို ရောပြီး ရေ ဆေးကာ ရေစိမ်ထားရပါမယ်။ ပဲနဲ့လုပ်ဖို့အတွက် ပဲလွန်းစေ့တွေကို ရေစင်အောင်ဆေး၊ ရေစိမ်ပြီး ပြုတ်ထားရပါမယ်။ အုန်းသီး ၁ ခြမ်းကို ခြစ်ပြီး ထန်းလျက် ၁၀ ကျပ်သားနဲ့ အုန်းယို‌ခြောက်ခြောက်လေး လုပ်ထားရပါမယ်။ အုန်းယိုလုပ်တဲ့အခါ ထန်းလျက်ရည်ကျိုပြီး အမှိုက်သရိုက် တွေ မပါအောင် ဆန်ခါလေးနဲ့စစ်ပြီး ခြစ်ထားတဲ့ အုန်းသီးဆံလေးတွေ နဲ့ ‌ခြောက်နေအောင် ကျိုထားသင့်ပါတယ်။

    ရေစိမ်ထားတဲ့ ဆန်တွေကို ရေစစ်ပြီး ကြိတ်ဆုံမှာ ကြိတ်ရ ပါမယ်။ ကြိတ်ထားတဲ့ ဆန်မှုန့်တွေကို ဖွာနေအောင် လက်နဲ့‌‌ချေပြီး ဖွပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုဖွာနေအောင် ဖွထားတဲ့ ဆန်မှုန့်လေးတွေထဲမှာ အလုံးကြီးတာလေးတွေပါရင် မုန့်ပေါင်းအရသာ ပျက်တတ်တာမို့ ဆန်မှုန့်လေးတွေကို မွနေအောင် ခြေထားဖို့ အရေးကြီးပါတယ်။

    အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်ပေါင်းလုပ်မယ့် အောက်ခံအိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားရပါမယ်။ အဲဒီနောက် အိုးပေါ်မှာ မြေစလောင်းဖုံး လက်ကိုင်နေရာကို လက်သန်း လောက် အပေါက်လေးဖောက်ပြီး ပက်လက်လှန်ကာ အိုးကို ဖုံးထားရပါမယ်။ ပြီးတော့မှ မုန့်လုပ်မယ့်ပုံစံခွက်လေးထဲမှာ ပထမဆုံး ဆန်မှုန့်လေးတွေ ခင်းပြီး ပဲနဲ့လုပ်မယ်ဆိုရင် ပဲလေးတွေ ထည့်၊ အုန်းယိုနဲ့လုပ်မယ်ဆိုရင် အုန်းယိုလေးကို ထည့်ရပါမယ်။ ဌာပနာလုပ်မယ့် "ပဲ" ဒါမှမဟုတ် "အုန်းယို" ထည့်ပြီးရင် အပေါ်က ဆန်မှုန့်လေးတွေနဲ့ ဌာပနာထားတဲ့ "အုန်းယို" နဲ့ "ပဲ"တို့ကို လုံအောင်ထည့်ရပါမယ်။ ပြီးတော့မှ အပေါ်က ဇာပါးလေးအုပ်ပြီး မုန့်ပေါင်းမယ့် အိုးပေါ်မှာ ပက်လက်လှန်ဖုံးထားတဲ့ စလောင်းဖုံးပေါ်ကို မှောက်ချလိုက်ပြီး ခွက်ကိုပြန်ယူ၊ အပေါ်က မြေ စလောင်းဖုံးကို ဖုံးထားရပါမယ်။ အောက်ခံပေါင်းအိုးက ရေနွေးပွက်ပွက် ဆူနေတာမို့ အပေါက်ဖောက် ပက်လက်လှန်ပြီး ဖုံးထားတဲ့ မြေစလောင်း ဖုံးကလည်း အငွေ့တစ်ထောင်းထောင်း ထနေတာမို့ မုန့်ပေါင်းအိုးပေါ်ကို မုန့်လေးတင်ပြီး ၂ မိနစ်အတွင်းမှာပဲ မုန့်ပေါင်းလေး ကျက်သွားတာမို့ အရသာရှိလှတဲ့ မုန့်ပေါင်းပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။ မုန့်ပေါင်းကျက်တဲ့အခါ အပေါ်က ဇာပါးလေးအုပ်ပြီး ပေါင်းထားတာမို့ မုန့်ပေါင်းလေးကို ဇွန်းယောက်မလေးနဲ့အုပ်၊ ဇာစလေးကို အသာ လေးမ,ပြီး အလွယ်တကူ ဆယ်ယူနိုင်ကြပါတယ်။

    ပေါင်းအိုးထဲက ဆယ်ယူလိုက်တဲ့ မုန့်ပေါင်းလေးတွေကို ပန်းကန်ထဲ တစ်ခါထဲထည့်ပြီး သုံးဆောင်နိုင်ကြသလို တချို့ကတော့ ငှက်ပျောဖက်လေး ခင်းပြီးမှ မုန့်ပေါင်းလေးကို ထည့်ပြီးတော့လည်း အပူတာရှည်ခံအောင် အသုံးပြုကြတာမျိုး ရှိပါတယ်။

    ပဲလွန်းနဲ့လုပ်တဲ့ မုန့်ပေါင်းကိုတော့ နှမ်းထောင်းလေးဖြူးပြီး သုံးဆောင်လေ့ရှိကြသလို အုန်းယိုနဲ့လုပ်တဲ့ မုန့်ပေါင်းကိုတော့ ဒီအတိုင်း လေးသာ ချိုချိုမွှေးမွှေးလေး သုံးဆောင်ကြတာ များပါတယ်။

    မုန့်ပေါင်းလုပ်ဖို့အတွက် ပစ္စည်းအမယ်မများလှသလို မုန့် လုပ်ရတာလည်း လွယ်ကူလှတာမို့ မိသားစုပျော်ပျော်ပါးပါးနဲ့ မြန်မာ့ ရိုးရာစားစရာတစ်မျိုးဖြစ်တဲ့ "မုန့်ပေါင်း"ကို အိမ်မှာ အလွယ်တကူ လုပ် စားနိုင်ပါစေကြောင်း စေတနာရှေ့ထား ရေးသားဖော်ပြလိုက်ပါတယ်။

    *ယခု ဆောင်းပါးကို ဒေါ်ဆန်းဆန်းဦး(မြန်မာ့အသံ) ရေးသားပြုစုသော "မြန်မာ့မုန့်ပဲသရေစာများ" စာအုပ်မှာ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

    Source: Taste_Window_Food_Magazine

    DawSanSanOo

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
1
views
1542