cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်မှည့်ပြောက်စွန်းရောဂါ

. ရောဂါ
တောင်သူဦးကြီးများ ငရုတ်သီးနှံစိုက်ပျိုးတဲ့အခါမှာ ကြုံတွေ့နေရသောရောဂါများထဲမှ အထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ကျရောက်စေနိုင်သော မှည့်ပြောက်စွန်းရောဂါကိုသတိပြုစေချင်ပါတယ်။
  • ရောဂါလက္ခဏာတွေကတော့ ငရုတ်သီးတောင့်၊ အရွက် နှင့် ပင်စည်တွေမှာ

    • အနာချိုင့်ကွက်ပုံစံ အမဲစက်လေးတွေနဲ့အရစ်တွေ၊
    • အကိုင်းတွေကတော့ ညိုးပြီး ခြောက်သွားတာတွေ၊
    • အပင်ငယ်အဆင့်မှာ ခါးရိပြီးသေတာနဲ့
    • အပင်မပေါက်မီမှာ သေသွားတာမျိုးတွေ တွေ့ရနိုင်ပါတယ်။

    ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းဖို့အတွက်

    • မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးပါ
    • ပလပ်စတစ်နှင့် အပင်ခြေမြေကြီးကို ဖုံးအုတ်စိုက်ပျိုးပါ
    • စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှုအခြေနေအား ပုံမှန်စစ်ဆေးပါ
    • ရောဂါကျ အပင်အစိတ်ပိုင်းကို ညှပ်ထုတ်ဖယ်ရှားပါ
    • စိုးစိုးရွားရွားရောဂါကျနေသောအပင်ကို နှုတ်ယူဖျက်စီးပါ
    • လက်ခံပင်မဟုတ်သောသီးနှံနှင့် ၂-၃ နှစ်လောက် သီးလှည့်စိုက်ပျိုးပါ
    • Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။

    ထွက်တိုး

    ----


  • article
  • article
  • article
  • article
likes
11
comments
0
views
2412