cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ပြောင်းက စျေးထပ်တက်ပြီး မတ်ပဲ၊ ပဲစဥ်းငုံက စျေးပြန်ကျသွားပါတယ်။ ဆန်ကတော့ ပြည်တွင်းစားဆန်စျေးမြင့်ပြီး exportဆန်စျေးကျပါတယ်။ ပဲဖတ်က စျေးမြင့် နေပါတယ်။
  • (၂၇. ၁ . ၂၀၂၅ မှ ၃၁. ၁. ၂၀၂၅)

     ဆန် 

     ဆန်စျေးကွက်မှာ ပြည်ပတင်ပို့တဲ့ ကရင်မဆန်အပါအဝင် ဆန်အမျိုးအစားတွေအားလုံး စျေးတန်းကျဆင်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေကတော့ စျေးနှုန်း သိသိသာသာ ကျဆင်းတာမျိုးမရှိသေးပါဘူး။

     လက်ရှိ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကဒေသအလိုက် အမျိုးအစားကွာခြားမှုရှိပြီး ပဲခူးအနောက်ခြမ်းမှာတော့ မှော်ဘီ ၃ဆန် ၂၄ပြည်တစ်အိတ်ကို ဆန်အဟောင်းက ၈၅၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၇၅၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။

     ဆန်အမာ အမျိုးအစားတွေကတော့ ၂၄ ပြည် အဟောင်းတစ်အိတ်ကို ၈၈၀၀၀ လောက်ရှိနေပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင် အဟောင်းတစ်အိတ်ကို ၂၀၀၀၀၀ ကျပ်ရှိပါတယ်။

     ဧရာပဒေသာဆန်အဟောင်းတစ်အိတ်ကိုဆိုရင် ၁၇၀၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၁၃၀၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။

     ပြည်ပတင်ပို့တဲ့ ဆန်အမျိုးအစားတွေကတော့ စျေးကျနေတဲ့အပြင် အရောင်းအဝယ်လည်း အေးနေပါ တယ်။

     ပြောင်း 

     ပြောင်းကတော့ ဒီတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပ ဝယ်လိုအားများတဲ့အပြင် ထိုင်းကိုပါ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့တော့မှာဖြစ်လို့ ကုန်သည်တွေ ဝယ်လိုအားကောင်းပြီး စျေးတက်လာတာ ဖြစ်ပါတယ်။ 

     ပြည်ပ တင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေ တာဖြစ်ပါတယ်။ 

    အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ် အထိ ရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၁၀ ကျပ်ထပ်တက် လာတာဖြစ်ပါတယ်။ 

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ ကျပ် စျေးရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။ 

    မတ်ပဲ

    အရင်အပတ်က စျေးတန်းအကျရပ်ခဲ့တဲ့ မတ်ပဲက အခုတပတ်မှာတော့ စျေးပြန်ကျလာပါတယ်။ ရန်ကုန်လှောင်လက်သမားတွေ အဝယ်ရှိသလို နယ်လှောင်လက်သမားတွေ ဝယ်ယူခြင်း၊ ပဲခွက်စက်တွေ ဝယ်ယူမှုရှိပေမယ့်လည်း ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်ပြီး ပြည်ပစျေးကွက်အေးနေတာကြောင့် စျေးတန်းက အကျဘက်မှာပဲရှိတာဖြစ်တယ်လို့ သိရပါတယ်။ စျေးတန်းပြန်မာလာတဲ့ အခြေအနေရှိတယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းထားပါတယ်။

     အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်၊ အင်္ဂါ​နေ့မှာ ၃၀၁၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၅၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်းမှာ ၄ သောင်း အတက်အကျ ရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၃၀၀၀၀ ကနေ ၇၀၀၀၀ လောက် ကျပါတယ်။

     မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျပါတယ်။

     ပဲစင်းငုံ

     အရင်အပတ်ကမှ စျေးပြန်အတက်ပြခဲ့တဲ့ ပဲစင်းငုံက အခုအပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။  

    မြန်မာပဲစင်းငုံကို အိန္ဒိယနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြု လိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးပြန်တက်လာခဲ့ပေမယ့် လက်ရှိမှာ အိန္ဒိယကဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းက လှောင်လက်သမားသာ အဝယ်ရှိခြင်း၊ ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုများတဲ့ အခြေအနေတွေကြောင့် စျေးတန်းမငြိမ်ဘဲ အကျဘက် ပြန်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

    ခုအပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီတစ်တန်ကို ၂၉၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၀၀၀၀၀၊ ကြာသပတေးနေ့က ၂၉၇၂၀၀၀ ကျပ်၊ သောကြာနေ့မှာ တော့ ၂၉၃၂၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၇၀၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။

    အရင်တစ်ပတ်နဲ့ ယှဥ်ရင်လည်း အနိမ့်ဆုံး ၇၀၀၀၀ မှ ၁၃၀၀၀၀ အထိကျပါတယ်။

     မန္တလေးစျေးကွက်မှာလည်း ခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို ပိဿာ ၆၀ ကို ၂၇၅၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်ကျပါတယ်။

     ပဲဖတ် 

     ပြည်တွင်းမွေးမြူရေးအစာစျေးကွက်မှာ ပဲဖတ်ကို ဝယ်လိုအားကောင်းတဲ့အပြင် နှမ်းဖတ်ချဥ်အဖြစ် ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူ စျေးကွက်ကောင်းတာကြောင့် မြေပဲဖတ်စျေးက အမြင့်စျေး တန်းမှာပဲရှိနေတယ်လို့ သိရပါတယ်။

     ပဲဖတ်ကို ငါးမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေး အစာတွေထဲမှာ ရောစပ်သုံးကြတာ ဖြစ်ပါတယ်။

    စားသုံးမှုအနေနဲ့ နှမ်းဖတ်ချဥ်အဖြစ် လုပ်ရောင်းကြပါတယ်။ လက်ရှိမှာပဲဖတ်က ဝယ်လို အားကောင်း နေ တာကြောင့်စျေးတက်နေတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာ ပဲဖတ် ၁ ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး မကွေးစျေးကွက်မှာ ၆၇၀၀ ကျပ်ဝန်းကျင်စျေးပေါက်နေတယ်လို့သိရပါတယ်။

    (AMIA)


  • article
likes
7
comments
0
views
1784