အမှိုက်ထဲကရွှေ (သို့) စွန့်ပစ်ရတနာများ များအကြောင်း
ခုကာလအပိုင်းအခြားအတွင်း လယ်ယာထွက်ကုန်အကြွင်းအကျန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် အသုံးချလာတာကို နိုင်ငံတော်တော်များများ သိသိသာသာ အာရုံစိုက်လာတာကို ထွက်တိုး ပရိတ်သတ် ကြီး သတိထားမိပါသလား...
အပင်တွေက ဘာတွေနဲ့ ဖွဲ့စည်းထားလဲ။
နေ့စဥ် စိုက်ပျိုးထုတ်လုပ် စားသုံးနေတဲ့ လယ်ယာထွက်ကုန် အကြွင်းကျန်တွေကနေ ကျွန်တော်တို့ ဘာတွေမျှော်လင့်လို့ရနိုင်ပါသေးလဲ။
မြင်သာအောင် ပြောရရင် အပင်အကြွင်းကျန်တွေကနေ သဘာဝမြေသြဇာ ပြုလုပ်နိုင်မယ်ပေါ့
ဒီထက်ပိုပြီးတွေးကြည့်ရအောင်...
စိုက်ပျိုးရေးလုပ်ငန်း ရဲ့ အကြွင်းအကျန်များ ဥပမာ- ကောက်ရိုး၊ စပါးခွံ နဲ့ အပင်အရိုးတံ တွေဟာ မြေဆီလွှာအတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးရနိုင်ပေမဲ့ ကျွန်တော်တို့တော်တော် များများကတော့ အသုံးမဝင်တဲ့ စွန့်ပစ်ပစ္စည်းလို့ မကြာခဏ မှတ်ယူလေ့ရှိပါတယ်။
ဒါပေမဲ့ သင့်လျှော်တဲ့နည်းပညာ အကူအညီတွေ အသုံးပြုပြီး ပေါင်းစပ်လိုက်တဲ့အခါ အပင်အကြွင်းအကျန်တွေ ကနေ အော်ဂဲနစ် ဒြပ်ပေါင်းတွေထုတ်ယူပြီးတဲ့နောက် တန်ဖိုးမြင့် ထုတ်ကုန် အမျိုးမျိုးရရှိအောင် ပြောင်းလဲပေးနိုင်စွမ်းရှိနေပြန်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိတဲ့ အပင်အကြွင်းအကျန်တွေဟာ ကာဗိုဟိုက်ဒရိတ်၊ Lingnocellulose နဲ့ Bioactive လိုမျိုး အကျိုးပြုဓါတ်ပေါင်းများစွာ ဖွဲ့စည်းထားပါတယ်။ အကျိုးပြုဓါတ်ပေါင်း ကနေတဆင့် သဘာဝလောင်စာများ၊ သဘာဝပိုလီမာများ နဲ့ တန်ဖိုးရှိတဲ့ ဓါတုစ္စည်းများ ( အစားအစာ၊ ဆေးဝါးနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမျှင်များ) ထုတ်လုပ်ဖို့အတွက် အကောင်းဆုံး အခြေခံ အရင်းအမြစ်ပဲ ဖြစ်ပါတယ်။
ထို့အပြင် စိုက်ပျိုးရေးဆိုင်ရာ အကြွင်းအကျန်များကို အသုံးချခြင်းဟာ ဝင်ငွေရရှိရန် အခွင့်အလမ်းများကို ပေးစွမ်းနိုင်ခြင်းသာမက စွန့်ပစ်အမှိုက်လျှော့ချရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ပါးစေရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
အသုံးပြုသော အပင်အကြွင်းအကျန်နှင့် ပြုပြင်ခြင်းနည်းပညာများပေါ်မူတည်၍ စွန့်ပစ်ပစ္စည်းများကို (ဥပမာ- ဇီဝလောင်စာများ (အီသနော၊ ဇီဝဒီဇယ်)၊ ဇီဝမြေသြဇာများ၊ မြေဆွေး၊ ၊ Biochar ၊ တိရစ္ဆာန်အစာများ ၊ အမျှင်ဓာတ်များ၊ အင်ဇိုင်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများ၊ ဆိုးဆေးများ အပြင် စက္ကူထုတ်ကုန်များ၊ ဇီဝပလတ်စတစ်များအဖြစ် )စျေးကွက်တန်ဖိုးမြင့်ကာ အသုံးဝင်သော ထုတ်ကုန်များအဖြစ် ပြောင်းလဲပြီး စိုက်ပျိုးရေးနှင့် အမှိုက်စီမံခန့်ခွဲမှုအတွက်ရေရှည်တည်တံ့သော ချဉ်းကပ်မှု အနေဖြစ် နိုင်ငံအချို့ကစတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
အပင်အကြွင်းအကျန်များနှင့် အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန် နမူနာများအဖြစ် ပြောပြရလျှင်
ပြောင်းဖူးရိုးတံ ကနေ Cellulose အခြေခံ ဇီဝပလတ်စတစ်များ၊ အီသနော(အရက်ပြန်) နှင့် တိရစ္ဆာန်အစာများ
ကောက်ရိုး၊ စပါးခွံကနေ ဇီဝဓာတ်ငွေ့၊ ဘိုင်အိုချာ၊ လျှပ်ကာပစ္စည်းများ
Citrus အခွံကနေ D-limonene ကဲ့သို့ မရှိမဖြစ်ဆီများ, Pectin နဲ့ အနံ့အရသာဒြပ်ပေါင်းများ
စပျစ်သီး ကနေ ဝိုင်အရက်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမျှင်ဓာတ်များ
ဂျုံကောက်ရိုးကတဆင့် စက္ကူထုတ်ကုန်များ၊ ဇီဝလောင်စာ တို့ ထုတ်ယူနိုင်ပြီး အခြားသော အပင်အကြွင်းကျန်များမှလည်း တန်ဖိုးရှိသော စက်မှု့ ကုန်ကြမ်းပစ္စည်းများ ထုတ်ယူနိုင်ပြီဖြစ်ပါ ကြောင်း ရေးသားဖေ်ပြလိုက်ရပါတယ်။
ကဲ ထွက်တိုး စာဖတ်သူတို့ရော ဘယ်လို အသွင်ပြောင်းပစ္စည်းတွေ သိထားသေးလဲ ဆိုတာ အားလုံး သိအောင်ပြောပြပေးပါဦးနော်.
မေ့ရင်သွေး