ကံ့ကော်ပန်းစိုက်တဲ့အခါ အမြဲပွင့်စေနိုင်ဖို့ နည်းလမ်းအချို့
ကံ့ကော်ကိုင်းဆက်တွေစိုက်တဲ့အခါမှာ
အကောင်းဆုံးကတော့ လက်တလောအဖူးကိုမမက်ဘဲနဲ့ အပင်သန်တာကိုရွေးဝယ်ပေးပါ။ ဝယ်ပြီးရင် အရိပ်ထဲမှာတစ်လလောက်ရေလေးပုံမှန်လောင်းပေးရပါတယ်။ ဝယ်လာတဲ့အပင်အိတ်က ကြီးရင် ချမစိုက်ဘဲ တစ်နှစ်လောက်အိတ်ထဲထားရင်လည်း မြေချစိုက်ပြီဆိုရင် မြေသန့်ရေသန့်မှာချစိုက်ပေးပါ။ လွင်ပြင်ထီးပူလွန်းတဲ့နေရာမှာဆိုရင်အပင်ဟာသေမှာပါ။ မနက်နေရောင်ကောင်းစွာ ရတဲ့နေရာလောက်မှာဘဲ စိုက်ပေးပါ။ ရာသီပြင်းရင်အဖူးမတင်ဘဲ ကြွေကျတတ်ပါတယ်။ ပုရွက်ဆိတ်တွေဟာအဖူးဖူးချိန်မှာအနှောင့်အယှက်ပေးတတ်ပါတယ်။
ကံ့ကော်ပွင့်က အပင်အညွန့်တက်ပြီး ရွက်ရင့်မာသွားချိန်အဖူးလိုက်ပါတယ်။ အဖူးကကြာတတ်ပါတယ်။အဖူးဘဝမှာ (၁) လလောက်နေရင် အပွင့်ပွင့်လာပါတယ်။ အပွင့်ပွင့်လာချိန်မခူးဘဲဒီတိုင်းထားလိုက်ရင် (၁၀-၂၀)ရက်ကြာတဲ့အခါ ကံ့ကော်သီးအဖြစ်ပြောင်းပါတယ်။ ရက်ကြာလာရင်အခွံကွဲအက်လာပြီး အစေ့အညိုရောင်လေးတွေရရှိမှာပါ။ စိုက်လို့ရပါတယ်။ ရှင်ဖို့နည်းနည်းခက်ပါတယ်။ ကိုင်းဆက်ပင်ကအစေ့ရပြီးပြန်စိုက်ရင်လည်း အဲဒါမျိုးက အစေ့စိုက်ပင်အကြီးဖြစ်မှာပါ။ ကိုင်းဆက်ပင်မဟုတ်ပါဘူးနော်။နှစ်ကြာမှပွင့်မှာပါ။
ကံ့ကော်ကိုင်းဆက်ကို ထိုင်ဝမ်မျိုး၊ စစ်ကိုင်းမျိုး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်ဆိုသည်မှာ ကံ့ကော်အစေ့စိုက်ပင်ရဲ့အပွင့်ကသေးပါတယ်။ သူ့ထက်ပွင့်ချပ်တွေ အဖူးတွေကပိုကြီးလို့ မြန်မာမျိုးရင်းထက်ကြီးတာတွေဆို ထိုင်ဝမ်လို့ခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်လို့ခေါ်လို့ ဈေးပိုရတာမဟုတ်ပါဘူး။ ကိုင်းဆက်ပင်တိုင်းကတော့ ဈေးပိုကြီးပါတယ်။ အပင်ကလသားဘဲရှိသေးတာလား။ ကိုင်းဖြတ်ပြီးတာကြာပြီလား။ မနှစ်ကအပင်ရရင်ပိုကောင်းမယ်နော်ဆိုတဲ့အချက်တွေမေးသင့်ပါတယ်။အပင်ရဲ့အိတ်ဆိုဒ်ကအကြီးလား၊အသေးလားဆိုပြီး အပင်အရွယ်အစားကိုပါမေးရမှာပါ။ အပင်ပု ဖူးတယ်ဆိုတိုင်း စိတ်ချစွာမဝယ်ပါနဲ့ဦး။ အိတ်သေးမှာ အဖူးပါပေမယ့် အပင်ကသေးနေရင်ဈေးကတော့ကြီးပြီး သိပ်စိတ်မချရသေးတဲ့အချိန်ဝယ်မိပြီး သေသွားတတ်ပါတယ်။ ဘာမျိုးမလို့ ဈေးပိုတယ်ဆိုတာ မရှိပါ။ အကုန်လုံးကကိုင်းဆက်မလို့ အချိန်တန်ရင်အတူတူပွင့်မှာပါ။ အပွင့်ကြီး အပွင့်သေးနဲ့ မျိုးကောင်းအပင် လှတာ မလှတာဘဲကွာသွားမှာပါ။
အပွင့်မပွင့်လို့ ပွင့်အောင်လုပ်တဲ့နည်းတွေလည်းအများအပြားပါ။ တချို့က ဘားပလက်၊ ကြက်ဥခွံနဲ့တခြား ဆေးနည်းတွေကျွေးပါတယ်။ ၁၅ပတ်လည်တွေလည်းကျွေးကြပါတယ်။ ပုလဲကျွေးရင်တော့သတိထားပေးပါ။ ရေတော့နိုင်နိုင်လောင်းပေးပါ။ တစ်ခုကအဖူးဖူးနေချိန် အညွန့်သစ်ထွက်နေချိန်သွားကျွေးရင်အဖူးတွေ ကြွေ ကျကုန်တာတို့ အညွန့်တွေညိုးကုန်တာတို့ ဖြစ်တတ်လို့ပါ။ ဒါကြောင့်အဲ့အချိန်အားဆေးမကျွေးသင့်ပါ။
အစေ့ကပျိုးရခက်တယ်။အပင်ရှင်နှုန်းနည်းတယ်။ စိုက်တဲ့အခါအိတ်ထဲမှာထည့်အလုံပိတ်ပြီး ထားတဲ့နည်းလည်း ရှိတယ်။ တချို့ကနေပူလှန်းတယ်။ နည်းတွေကတော့အမျိုးမျိုးပေါ့။စိုက်တဲ့အခါ မြေနေရာဘောင်ကိုအရင်ရှင်းထားရပါမယ်။ အပင်ကြီးတွေအောက်မှာနေရာယူပါ။ မြေဆွေးကိုလက်နှစ်ဆစ်စာခန့်ဖြူးထားပါ။ အဲ့အပေါ်ကိုကံ့ကော်စေ့တွေဖြန့်ကြဲပါ။ ပြီးရင်အပေါ်က သဲဖြူးခင်းရပါမယ်။ ရေပုံမှန်လောင်းပေးဖို့လည်း လိုပါတယ်နော်။
Credit Original Writer