cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကံ့ကော်စိုက်ပျိုးဝင်ငွေတိုး

. စိုက်ပျိုးနည်းစနစ်များ
ကံ့ကော်ပန်းပင်အား ပန်းပွင့်ခူးရာတွင်နံနက်အချိန်တွင်ခူးယူရပါသည်။ သို့မှသာအပွင့်များမှာချောမောပြီး ရောင်းပန်းလှမှာဖြစ်ပါသည်။
  • ကံ့ကော်ပန်းသည် လူကြိုက်များသောပန်းပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် သစ်မာပင်တစ်မျိုးဖြစ်ပါသည်။ သဘာဝကံ့ကော်ပင်မှာ တစ်နှစ်လျှင်တစ်ကြိမ်သာ ဖူးပွင့်ပြီး အမြင့်ပေရှစ်ဆယ်၊ လုံးပတ် ဆယ်ပေအထိရှိသော အရိပ်အာဝါသကောင်းသော အပင်မျိုးဖြစ်ပါသည်။ ကိုင်းဆက်ကိုင်းကူးဖြင့် ပြုလုပ်ထားသော စိုက်ပျိုးရေး ကံ့ကော်ပန်းပင်သည် တစ်နှစ်ပတ်လုံးပွင့်ပါသည်။ စိုက်ပျိုးရေးကံ့ကော်ပန်းပင်မှာ အပင်ပုလေးများဖြစ်ပြီး လုံးပတ်မှာလည်းသေးပါသည်။

    ကံ့ကော်ကိုင်းဆက်စိုက်ပျိုးရာတွင် ထိုင်ဝမ်မျိုး၊ စစ်ကိုင်း မျိုးစသည်ဖြင့် မျိုးများရှိပါသည်။ ယခုလက်ရှိစိုက်ပျိုးရေးသမားများသည် စစ်ကိုင်းမျိုးကို စိုက်ပျိုး ကြပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ တောင်လုံးညိုရွာတွင် ကိုင်းဆက်မျိုးဖြစ်သည့် စစ်ကိုင်းမျိုးကို စိုက်ပျိုးထားကြောင်း သိရပါသည်။ ကံ့ကော်ပင်စတင်စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ပန်းပွင့်များ ပွင့်လာပါသည်။ စတင်ပွင့်လာသည့် ပန်းများသည် အပွင့်ရေ(၂၀)မှ (၂၅)အထိသာပွင့်သေး၍ အပွင့် ရေနည်းပါးပါသည်။ ထို့နောက်သက်တမ်းကြာလာသည့်အခါ ရာသီဥတုပေါ်မူတည်ပြီး ပန်းပွင့်များ လှိုင်လှိုင်ပွင့်လာပါသည်။

    ကံ့ကော်ပန်းပင်အား ပန်းပွင့်ခူးရာတွင်နံနက်အချိန်တွင်ခူးယူရပါသည်။ သို့မှသာအပွင့်များမှာချောမောပြီး ရောင်းပန်းလှမှာဖြစ်ပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ကံ့ကော်ပန်းပွင့်တစ်ပွင့်လျှင် အရိုးတံမပါ အပွင့်အကြွေတစ်ပွင့်လျှင် ၆၀ကျပ်၊ ရိုးတံပါ အပွင့်တစ်ပွင့်လျှင် ၈၀ကျပ်နှုန်းဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။         

    DOCA(ပဲခူး)

    Source: Department of Consumer Affairs

    ✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
0
comments
0
views
1017