ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၅ ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - ISSUED TIME - 04/02/2025 7:52am(MMT) - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ပဲတီစိမ်းစိုက်တောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - · လက်ရှိပဲစိုက်ခင်းများ အပွင့်အဖူးသီးတောင့်ဝင်ချိန်တွင် ဝါပြီးအပင်သေဝင်တာကို တွေ့နေရပါက သေချာကွင်းဆင်းစစ်ဆေးပါ။ - · ပင်စည်ထိုးယင်ကျတယ်ဆိုရင် ပင်စည်၏အခြေသည် ပုံမှန်ထက် ဖောင်းပွနေတဲ့ပုံစံကို အဓိကတွေ့ရပြီး ပင်စည်ကိုခွဲကြည့်လိုက်ရင် ပင်စည်ထိုးယင်ရဲ့ ရုပ်ဖုံးအဆင့်ကိုတွေ့ရပါတယ်။ - · ကျရောက်မှုများရင် ပဲပင်တွေအဝါရောင်ပြောင်းပြီး အကွက်လိုက်သေတဲ့လက္ခဏာကို တွေ့ရပါတယ်။ - · ကျရောက်တာသေချာရင် သေတဲ့အပင်တွေကိုမဖြစ်မနေဆွဲနုတ်ပစ်ပြီး ရှင်းပစ်ပါ၊ ပြီးမှဆေးဖျန်းပါ၊ မရှင်းဘဲဆေးဖျန်းရင်လည်း ထိရောက်မှုအားနည်းပါတယ်။ - · ပိုးသတ်ဆေးအနေနဲ့ Chlorfenapyr + Abamectin (သို့မဟုတ်) Acetamiprid ကိုအသုံးပြုနိုင်ပါတယ်။ - · နှစ်စဥ်ကျရောက်ပါက မစိုက်ခင် Fipronil ကိုမြေခံအဖြစ်ထည့်ပေးနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · ကန်ဖော်ပြီး ငါးကန်တွေအနေနဲ့ ကန်သန့်ရှင်းရေးကို ဆောင်ရွက်ရန်၊ - · ကန်အတွင်း ဘေးပတ်လည်နဲ့ ကြမ်းပြင်တွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ - · ကန်အောက်ခြေ နွံထုဟာ ၈ လက်မအထက်ရှိနေပါက ဖယ်ထုတ်ပစ်ရန်၊ - · နွံဖယ်ထုတ်ပြီးပါက ပတ်ကြားအပ်သည်အထိ နေလှန်းထားရန်၊ - · နေလှန်းပြီးပါက နွံအတွင်းပိုးများ သေစေရန် ထုံးဖြူးပေးရန်၊ - · မျိုးငါးကန်များအနေဖြင့် အောက်ခြေအစာများ စုပုံခြင်းနဲ့ နွံထူနေခြင်းမရှိအောင် ဆောင်ရွက်ရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
