ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၅ ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။
ISSUED TIME
04/02/2025 7:52am(MMT)
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
· ကန်ဖော်ပြီး ငါးကန်တွေအနေနဲ့ ကန်သန့်ရှင်းရေးကို ဆောင်ရွက်ရန်၊
· ကန်အတွင်း ဘေးပတ်လည်နဲ့ ကြမ်းပြင်တွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊
· ကန်အောက်ခြေ နွံထုဟာ ၈ လက်မအထက်ရှိနေပါက ဖယ်ထုတ်ပစ်ရန်၊
· နွံဖယ်ထုတ်ပြီးပါက ပတ်ကြားအပ်သည်အထိ နေလှန်းထားရန်၊
· နေလှန်းပြီးပါက နွံအတွင်းပိုးများ သေစေရန် ထုံးဖြူးပေးရန်၊
· မျိုးငါးကန်များအနေဖြင့် အောက်ခြေအစာများ စုပုံခြင်းနဲ့ နွံထူနေခြင်းမရှိအောင် ဆောင်ရွက်ရန်၊
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437