“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၃,၁၄)”
စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။
(၁၃) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ပြောင်းလဲသောရာသီဥတုနှင့်ကိုက်ညီသောစိုက်နည်းစနစ်များသည် စိုက်ဧက များစွာပိုင်ဆိုင်သော သူများသာမက ၁၀ဧက အောက်ပိုင်ဆိုင်သောလုပ်ကွက်ငယ်တောင်သူများပါ အသုံးချနိုင်သော ဘက်စုံသုံးနည်းလမ်း တစ်ခုဖြစ်သည်။ ထို့ကြောင့် အဖြေမှန်မှာ (ခ)မှား ဖြစ်သည်။
(၁၄) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
စပါးစိုက်ပျိုးရာတွင် စိုတစ်လှည့်ခြောက်တစ်လှည့် ရေသွင်းစနစ်အသုံးပြုခြင်းဖြင့် ရေကို ၁၅-၃၅ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ပါသည်။ reason: Alternate Wetting and Drying (AWD) ရေသွင်းစနစ်ဆိုသည်မှာ စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် ရေကို ချွေတာသည့် နည်းလမ်းဖြစ်ပြီး အကျိုးကျေးဇူးများစွာ ပေးဆောင်သည်။
ရေထိန်းသိမ်းခြင်း- AWD သည် သမရိုးရိုးကျရေသွင်းစနစ် ဖြင့် နှိုင်းယှဉ်ပါက ရေအသုံးပြုမှုကို 15-35% လျှော့ချနိုင်သည်။ အထူးသဖြင့် ရေရှားပါးမှု ရင်ဆိုင်နေရသော ဒေသများတွင် ဤအချက်သည် အထူးအရေးကြီးပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က)၁၅-၃၅ ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။