cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
၂၀၂၅ ဖေဖော်ဝါရီလ ၈ရက်နေ့ ၉ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအသင့်အတင့် ရွာနိုင်ပါတယ်။
  • Eastern Shan State

    မိုင်ဆွန်ခ...

     ၂၀၂၅ ဖေဖော်ဝါရီလ ၈ရက်နေ့ ၉ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအသင့်အတင့် ရွာနိုင်ပါတယ်။

    ISSUED TIME

    06/02/2025 8:01am(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    ရှမ်းပြည်နယ်အတွင်း စတော်ဘယ်ရီစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    လက်ရှိအခြေနေအရ စတော်ဘယ်ရီစိုက်ပျိုးသူများအနေနဲ့ ရွက်ပြောက်ရောဂါ (Pestalotia Leaf Spot) ကျရောက်မှုနှင့်ကြုံတွေ့ရနိုင်ပါတယ်။ ဒီရောဂါကတော့ စိုက်လိုက်တဲ့ ပျိုးပင်တွေမှာ ရောဂါပါလာခြင်းကြောင့် အဓိကဖြစ်တက်ပါတယ်။ ရောဂါကျအပင်ကိုကိုင်ထားသောလက်များ၊ အဝတ်စားများနှင့် ရောဂါကျအခင်းတွင် အသုံးပြုထားသော ကိရိယာပစ္စည်းများကြောင့် တစ်ပင်မှတစ်ပင်ကူးဆက်ပြန့်ပွားနိုင်ပါတယ်။၏

    ရွက်ပြောက်ရောဂါ (Pestalotia Leaf Spot) ကျရောက်ပါက

    ·      အပင်ရဲ့အပေါ်ပိုင်း ရေဖျန်းစနစ်နှင့်ရေသွင်းခြင်းကိုရှောင်ပါ။

    ·      အပင်ပေါ်တွင် ရေစိုနေသောအချိန်တွင် အသီးခူးခြင်းနှင့် တခြားသော အပင်ကိုထိခိုက်စေသည့်အလုပ်များပြုလုပ်ခြင်းကို ရှောင်ကျဉ်ပါ။ 

    ·      ရောဂါကျအပင်များကို ချက်ချင်းဖယ်ရှားရှင်းလင်းပါ။

    ·      စိုက်ခင်းအတွင်းအသုံးပြုမည့် ကိရိယာများ ပိုးသန့်၍အသုံးပြုပါ။

    ·      မှိုသတ်ဆေးများအနေနဲ့ Fludioxonil + Cyprodinil, Thiram, စတာတွေအသုံးပြုနိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

                 ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    -      ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊

    -      ပဋိဇီဝဆေးများကို အစာထဲထည့်ကျွေးရန်၊

    -      ကန်ရေအရည်သွေးကို စစ်ဆေးပေးရန်၊

    -      ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊

    -      အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
5
comments
0
views
2423