cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲစင်းငုံစားပေးအကျိုးများစေသောအားဆေး

. ကျန်းမာရေးဆောင်းပါးများ
ပဲစင်းငုံပင်၏ အမြစ်များကို ရှေးအခါမှယခုတိုင် တရုတ်တိုင်းရင်းဆေးတွင် စိတ်ငြိမ်ဆေး ဖော်စပ်ရာမှာ အဓိကအသုံးပြုကြသည်။
  • မြန်မာ့ပဲမျိုးများစွာရှိသည့်အနက် မြန်မာ့ပဲစင်းငုံသည် လူသုံးများသင့်သော ပဲမျိုးပင်ဖြစ် ပါသည်။ သို့သော် မြန်မာနိုင်ငံရှိပဲများစွာထဲမှ မြန်မာ့မျိုးရင်းပဲစင်းငုံ ကိုနှစ်ခြိုက်စွာ စားသုံးနေသူ မှာ အလွန် နည်းပါးနေပါသည်။ အကြောင်းရင်းမှာ အခြားပဲများ၏အကျိုးအာနိသင်များ နှင့်ယှဉ်လျှင်ပေးရ သောဈေးနှင့်မက ထိုက်တန်ပြီးအကျိုးကျေးဇူးများသော အစွမ်းဓါတ်သတ္ထု များစွာကို မသိရှိသေး၍ပင်။ ပဲစင်းငုံကို ကုလားပဲနှင့်ယှဉ်လျှင် အသုံးနည်းသော်လည်း လူနဲ့ ပိုတည့်သည်ဟု ရှေးလူကြီးများက ယုံကြည်ကြသည်။ အသားဓာတ်ပရိုတင်းဓာတ် အတွက် ပဲစင်းငုံကို နေ့တိုင်းစားသုံးပေးနိုင် ပါသည်။

    အခြားပဲများကဲ့သို့ပင်ပဲစင်းငုံသည် ပရိုတင်းဓာတ် ပြည့်ဝစွာပါဝင်သောကြောင့်စားသုံးသူ များအတွက် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများဖွံဖြိုးမှုအတွက် ကောင်းစွာ တည်ဆောက် စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပါသည်။ ခန္ဓာကိုယ် ဆဲလ်အသစ် များကို တည်ဆောက်ရာ တွင် အထူးအထောက်အပံ့ပေးနိုင်သည်။ ပဲစင်းငုံတစ်ခွက် စားနိုင်လျှင် နေ့စဉ် အသားဓာတ် ၁၁ ဂရမ်ကိုရှိမည်။ ထို့ပြင် ဖောလိတ်ဓာတ်ကြွယ်ဝခြင်းကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေနိုင်ပါ။

    ဗီတာမင်ဘီ (B) နှင့် စီ (C) အုပ်စု ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား မြင့်တက် စေနိုင်ပါသည်။ အမျှင်ဓာတ်များ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းစွာ အထောက် အကူပြုပေးပါသည်။ မြန်မာ့ဆေးကျမ်း ဖြစ်သောဓာတု ရသကျမ်းတွင် ပဲစင်းငုံ ကြီးသည် သလိပ်၊ သဲခြေနာကို ကျေဖျက်နိုင်သောကြောင့် ဆေးအဖြစ် စားသုံးပေး နိုင်ပါသည်။ လည်ချောင်း နာခြင်းနှင့် ဝမ်းသွားခြင်းများအတွက်လည်း အသုံးပြုကြပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပဲစင်းငုံ၏ အရွက်ဖြင့် ဝမ်းလျောရောဂါ၊ ချောင်းဆိုးရောဂါ နှင့် ရင်ခေါင်းပိုင်းနာကျင်ခြင်းတို့ အတွက် အသုံးပြုကြသည်။

    ပဲစင်းငုံပင်၏ အမြစ်များကို ရှေးအခါမှယခုတိုင် တရုတ်တိုင်းရင်းဆေးတွင် စိတ်ငြိမ်ဆေး ဖော်စပ်ရာမှာ အဓိကအသုံးပြုကြသည်။ အရွက်ကိုမူ ပူပိုင်းဒေသရှိ ရေရှားပါးရာနေရာများတွင် လည်းပေါက်ရောက်ရှင်သန်နိုင်သောကြောင့် နွားစာအဖြစ်အဓိကအားထားပြုကြသည်။

    DOCA(ရှမ်း)

    Source: Department of Consumer Affairs

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
0
views
1892