ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင်
မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။
ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
· လက်ရှိစပါးဂုတ်ကျိုးကျနေသောစိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်ပုလဲယူရီးယားကို တစ်ကြိမ်တည်းအလွန်အကျွံမသုံးပါနဲ့။ အကြိမ်ရေခွဲထည့်ပေးပါ။
· စိုက်ခင်း အနီးတဝိုက်ရှိပေါင်းမြက်များကိုသေချာရှင်းလင်းပေးပါ။
· မှိုသတ်ဆေးအနေနဲ့ Tricyclazole 10 % + Cyprodinil 10% ၂၀ စီစီ/ ၂၀ လီတာ ပထမအကြိမ်၊ ဒုတိယအကြိမ်ကို Isoprothiolane 20% ၃၀ စီစီ/ ၂၀ လီတာနှုန်းနဲ့ ဖျန်းပေးပါ။
· ရိုးပြတ်၊ပင်ကြွင်းပင်ကျန်များကို သေချာရှင်းပေးပါ။
· နောက်ရာသီတွင် အဲ့ဒီစပါးခင်းကမျိုးကိုပြန်မစိုက်ပါနဲ့။ မျိုးပြောင်းစိုက်ပါ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
· ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
· မျိုးငါးကန်များအနေဖြင့် သက်တမ်းတူငါးမျိုးများကိုသာရွေးချယ်မွေးမြူရန်၊
· မျိုးငါးမွေးမြူရာတွင် ငါးမျိုးစိတ်မတူ၊ သက်တမ်းမတူတဲ့ ငါးများကို ရောနှောမွေးမြူခြင်းမှ ရှောင်ရှားရန်၊
· မျိုးငါးကန်များတွင် အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊
· မျိုးငါးများ ကျန်းမာစေရန် အစာထဲ၌ ဗိုက်တာမင်စီထည့် ကျွေးပေးရန်၊
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437