ဓာတုဆေး မသုံးဘဲနဲ့ သဘာဝနည်းအတိုင်း အသီးတွေမှည့်အောင်
အီသလင်း ထုတ်တာ နည်းတဲ့ အသီးတွေကတော့ ကောင်းကောင်း မရင့်ဘဲ ခူးမယ်ဆိုရင် မှည့်လာအောင် ဓါတုဆေးနဲ့ ပြုပြင် ဖန်တီးပေးလို့ မရပါဘူး။ ကောင်းကောင်းရင့်သည့် အချိန်မှာ ခူးမှသာလျှင် မှည့်လွယ်မှာ ဖြစ်ပါတယ်။ ဥပမာ- ဖရဲသီး၊ နာနတ်သီး၊ စပျစ်၊ ရှောက်သံပရာ မျိုးရင်းဝင် အပင်တွေဖြစ်ပါတယ်။
အီသလင်း များများထုတ်တဲ့ အသီးတွေကတော့ အပင်မှ ခူးပြီး တာနဲ့မှည့်လွယ်ကြပါတယ်။ ဥပမာ- သရက်၊ သဘောႍ၊ ငှက်ပျော၊ မာလကာ၊ ပန်းသီး၊ ထောပတ်သီးတွေ ဖြစ်ပါတယ်။
ယနေ့ခေတ် ဈေးကွက်ထဲမှာ အီသသတွေခူးပြီးတဲ့အခါ အမှည့် မြန်စေဖို့အတွက် ဓါတုဆေး အီသလင်းတွေကို အုပ်ကြပါတယ်။
မိမိတို့အိမ်မှာလည်း ဓါတုဆေး မသုံးဘဲနဲ့ သဘာဝအတိုင်း အသီးမှည့်အောင် ပြုလုပ်နည်းေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆေးမအုပ်ပဲနဲ့ သဘာဝနည်းနဲ့ မှည့်စေချင်ရင်တော့ အီသလင်းထွက်လွယ်တဲ့ အသီးတွေကို ဆန်အိုးထဲမှာ ထည့်ထားပေးလို့ရပါတယ်
၂။ အသီးတွေကို သတင်းစာ (သို့မဟုတ်) စက္ကူအိတ်ထဲမှာ ထည့်ပိတ်ပေးထားမယ်ဆိုရင်လည်း အသီးတွေက မှည့်လွယ်ပါတယ်။
၃။ အသီးတွေကို သစ်ရွက် အစိမ်းနဲ့ အုပ်ပေးမယ်ဆိုရင်လည်း သဘာဝ အတိုင်းမှည့်လွယ်ပါတယ်။
ဥပမာ- သရက်သီးကို သရက်ရွက်နဲ့ပဲ အုပ်ပေးလို့ ရပါတယ်။
၄။ နောက်တစ်နည်း အသီး အစိမ်းတွေ ကြားထဲမှာ အသီး အမှည့် တစ်လုံး (သို့မဟုတ်) အီသလင်းထုတ်တဲ အသီးတစ်ခုခုကို ထည့်ထားပေးမယ်ဆိုရင်လည်း ဆေးအုပ်စရာ မလိုဘဲနဲ့ မှည့်လွယ်ပါတယ်။
References – One Green Planet (Easy Hacks That Will Help fruit Ripen Fast)
Htwet Toe