cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မတ်ပဲရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်သောကြောင့်သတိထားလုပ်ဆောင်ရမယ့် ဆောင်ရန်၊ရှောင်ရန်များကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ၂၀၂၅ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။

    Weather Source: Su Su San

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးသောတောင်သူများထံသို့

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • မတ်ပဲရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်သောကြောင့်သတိထားလုပ်ဆောင်ရမယ့် ဆောင်ရန်၊ရှောင်ရန်များကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    • ပဲတီစိမ်းများကိုသီးတောင့်များဝါညိုရောင်ပြောင်းလဲချိန်တွင်စတင်ခူးဆွတ်ပါ။

    • မတ်ပဲကိုသီးတောင့်များမာချိန်၊ မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။

    • နုတ်သိမ်းပြီးပြီးချင်း နောက်တစ်ဆင့် ခြွေလှေ့ပါ။ ရိတ်ခြွေမှုကြောင့် ပဲသီး၊ ပဲစေ့ဆုံးရှုံးထိခိုက်တတ်တာကြောင့် တလင်းအတွင်းပဲခြွေရာမှာ နွားဖြင့်နင်းခြင်း၊ စက်ဖြင့်နယ်ခြင်းများပြုလုပ်စဉ် လေလွင့်ဆုံးရှုံးမှုများကိုနည်းနိုင်သမျှ နည်းအောင်ဂရုပြုပါ။

    • ခြွေလှေ့ပြီးပြီးချင်း အဖျင်း အမှော်ဖယ်ပေးပါ။

    • ကျောက်ခဲ၊ သဲ၊ အရွက်ခြောက်၊ ကိုင်းခြောက်၊ ပေါင်းစေ့၊ မြေကြီးခဲ၊ အမှိုက်များဖယ်ပေးပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    - ငါးရောဂါများကျနိုင်သဖြင့် ကန်အတွင်းရှိ ငါးများအခြေအနေကို စစ်ဆေးရန်၊

    - ငါးအနီးစက်ရောဂါကျပါက တစ်ဧကလျှင်ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊

    - ငါးသန်းရောဂါကျရောက်ပါက ကန်အတွင်းသို့ ဝါးခြမ်းပြားများချပေးရန်၊

    - ပိုတက်စီယမ်ပါမင်းဂနိတ် ၅ မီလီဂရမ်ကို ရေတစ်တာတွင် ဖျော်ပြီးငါးကို စိမ်ပေးရန်၊

    - ဆားဖျော်ရည် ၃-၅ ရာခိုင်နှုန်းကို တစ်မိနစ်ခန့် (သို့မဟုတ်) ငါးခံနိုင်သည်အထိ စိမ်ပေးရန်၊

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
2248