စပါးပင်ကြီးထွားမှုအဆင့်အလိုက် ရေအနက်ဘယ်လောက်ထားမလဲ?
- • ရေသည်ပေါင်းပေါက်ရောက်မှု ပမာဏနှင့် သဘာဝမြေဆီလွှာအာဟာရ ဓါတ်တည်ရှိမှု၊ စပါးပင်၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများစသည်တို့အပေါ် သက်ရောက်မှုရှိပါတယ် - • သီးနှံပင် မှန်ကန်သော အဆင့်လိုက်ရေဖြည့် ဆည်းပေးခြင်းသည် အထွက်နှုန်းမြင့်မြင့်မားမာရရှိရန်အတွက် အရေးကြီးပါတယ်။ - • ပေါင်းပေါက်ရောက်ကြီးထွားမှုကို ဖိနှိပ်၊ဟန့်တားပေးပါတယ်။ - • အာဟာရဓါတ်များစုပ်ယူမှု ကိုတိုးမြှင့်ပေးပါတယ်။ - ရေ အဓိကလိုအပ်တဲ့ အဆင့်များ - • ပင်ပွားချိန် - အစိုဓါတ်ပြတ်ခဲ့ပါက အထွက် ၃၀% လျော့နိုင် - • မှို့ကပ်ချိန် - • ပန်းပွင့်ချိန် - • အနှံသန္ဓေကြီးထွားချိန် - • အနှံထွက်ချိန် - ပက်ကြားအက် အောင်ရေပြတ်ပါက ဗိုက်ဖြူခြင်း၊ ဆန်သားအက်ကြောင်း ဖြစ်ပေါ်နိုင် - အပင်ကြီးထွားမှု အဆင့်အလိုက် ထားရှိသင့်သည့် ရေအနက် - • မျိုးညှောင့်ပေါက်အဆင့် - စိုစွတ်ရုံ - • ပျိုးပင်(စိုက်ပျိုး ၁၀-၂၀)ရက် - ရေမထည့်၊စိုစွတ်ရုံ (အစေ့ကြဲပြီး ဝ-၂၁)ရက် - • ပင်ပွားအဆင့် - (၁ မှ ၂လက်မ) - • ပင်စည်ရှည်ထွက်ချိန် -(၂ လက်မ) - • မှို့ကပ်ချိန်မှ ဗိုက်ဖောင်းချိန် - (၂ မှ ၃ လက်မ) - • အနှံထွက်ချိန် - (၂ မှ ၃ လက်မ) - • ပန်းပွင့်ချိန် -( ၂ မှ ၃ လက်မ) - • နို့ရည်တည်ချိန် - (၁ မှ ၁.၅ လက်မ) - • နို့ရည်ခဲချိန် - (၁ လက်မ) - • ရင့်မှည့်ချိန် - ရေပြောင်ထုတ် - • ပျိုးခင်း ရေ ၄ လက်မ ခန့် ရှိပါက ရွက်ဖုံးရှည်လျားပြီး ပျိုးပင်နွဲ့(အပင်လှီ- အမြစ်စွဲနောက်ကျ) - ကျမ်းကိုး - ဒေါ်ခင်ရီ (လပွတ္တာခရိုင်မျိုးစေ့တာဝန်ခံ - အငြိမ်းစား)(ဆန်စပါးမျိုးသန့် မျိူးစေ့ ရယူသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း စပါးသီးနှံရေစီမံခန့်ခွဲမှု) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
