cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၅,၁၆)”

. ရာသီဥတု သတင်းများ
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
  • စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။

    (၁၅) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -

    ပျိုးပင်များကို အသက်ငယ်သော (၈-၁၂ ရက်) အရွယ်တွင် အစားထိုးစိုက်ပျိုးပါသည်။ပျိုးပင်သက်တမ်း ၁၄ ရက်ထပ်ပိုမကြီးသင့်ပါ။ ပျိုးပင်ငယ်များအသုံးပြုခြင်းဖြင့် ကောက်ပင်လှန်ချိန်လျော့ချနိုင်ပြီး ပင်ပွားမှုပိုကောင်းနိုင်သလို အမြစ်ကြီးထွားမှု ပိုမိုသန်စွမ်းနိုင်ပါ သည်။

    ထို့ကြောင့် အဖြေမှန်မှာ (ဂ) ၁၄ ဖြစ်သည်။

    (၁၆) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -

    ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဆိုသည်မှာ ရေရှည်မှာဂေဟစနစ်မပျက်ပြားစေပဲ သီးနှံဖျက်ပိုး(ပိုး၊ရောဂါ၊ ပေါင်းနှင်.ကြွက်တွေ)ကိုလိုအပ်သလို ကာကွယ်နှိမ်နင်းရေးနည်းပညာများ ဥပမာ(ဇီဝနည်းဖြင်.ကာကွယ် ခြင်း၊ပိုမိုကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များသုံးခြင်း၊ခံနိင်ရည်ရှိသောမျိုးများအသုံးပြုခြင်း)ကို စုပေါင်းပြီး ကာကွယ်နှိမ်နင်းသည့် စနစ်ဖြစ်ပါသည်။ ပိုးသတ်ဆေးအား အဓိကဖျက်ပိုးကိုကင်း ထောက်စစ် ဆေးပြီး အမှန်တကယ်လိုအပ်မှသာ ညွန်ကြားချက်အတိုင်းသုံးစွဲရပါသည်။ သီးနှံကာကွယ် ရေးစနစ်များကို ရွေးချယ်ရာတွင် လူသားတို့၏ကျန်းမာရေး၊ အကျိုးပြုမိတ်ဆွေ ပိုးများ၊ ဖျက်ပိုး မဟုတ်သောပိုးများ နှင်.ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးသော နည်းလမ်းများ ကိုရွေးချယ်အသုံး ပြုရပါမည်။

    ထို့ကြောင့် အဖြေမှန်မှာ (ခ)မှား ဖြစ်သည်။

    ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့

    ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes
6
comments
2
views
913