မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။
#တိကျမှန်ကန်
Su Su San
ငရုတ်စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
ငရုတ်စိုက်တောင်သူများအနေနှင့် လှေးပိုး ကျရောက်မှုများကို မကြာခဏ တွေ့ရှိရတတ်ပါတယ်။ လှေးပိုးက အရွက်အောက်မျက်နှာပြင်မှာ ဥအုပြီးအပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေမှာပွားများနှုန်းမြန်ပါတယ်။ ဒါကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပါ။ ပေါင်းမြက်ရှင်းတာ မဖြစ်မနေလုပ်ပေးပါ၊ ပုလဲနိုက်ထရိုဂျင်မြေသြဇာ၊ နိုက်ထရိုဂျင်ရွက်ဖျန်း အလွန်အကျွံမသုံးပါနဲ့။
• လှေးပိုးကျရောက်သည့် လက္ခဏာဖြစ်သည့် ငွေရောင်အစင်းများနှင့် အရောင်ပျက်နေသောအရွက်များကို သေချာစောင့်ကြည့်စစ်ဆေးပါ။
• အပြာရောင်သို့မဟုတ် အဝါရောင် စေးကပ်ကော်ကဒ်(Sticky Traps) များစိုက်ခင်းနေရာအနှံ့ထောင်ပေးပါ။
• တမာဆီကို ရေနှင့် ရော၍အပင်နေရာအနှံ့ ရွှဲရွှဲဖျန်းပေးပါ။
• အရွက်အောက်မျက်နှာပြင်ကို ဆပ်ပြာဆေးရည်ဖျန်းပေးပါ။
• ပိုးများစွာကျရောက်နေအပင်အစိတ်ပိုင်းများကို ဖယ်ရှားရှင်းလင်းဖြစ်ပါ။
• အလင်းရောင်ပြန်နိုင်သော အပင်ခြေမြေကြီးဖုံးသည့်ပလပ်စတစ်စများအသုံးပြုပါ။
• ဓါတုဆေးအနေနဲ့ Acetamiprid, Spinosad, Spirotetramat, Fipronil, Abamectin တို့လိုဆေးမျိုးကိုရွေးချယ်နိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- ကန်ကျယ်စနစ်အစား ထိန်းသိမ်းနိုင်သော ကန်အရွယ်ပြောင်းလဲရန်၊
- ရေလှောင်ကန်များထားရှိရန်၊
- ကြမ်းခံငါးမျိုးများကိုသာ မွေးမြူရန်၊
- ရေလှောင်ကန်တွင် ရေစစ်များတင်ဆင်ထားရန်၊
- ကန်ရေအပူချိန်ကို တိုင်းတာရန်၊
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/5043


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း