ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။ - Weather Source: Su Su San - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - ရိတ်သိမ်းချိန်တွင် မှိုသတ်ဆေးများကိုထပ်မဖျန်းပါနဲ့။ ရိတ်သိမ်းခြင်းနဲ့ ဆေးဖျန်းခြင်းကြားစောင့်ဆိုင်းရမယ့်ရက် (PHI) ကိုလိုက်နာပါ။
- ပဲသီးတောင့်ဝင်ချိန်မှ ဖျန်းလိုက်တဲ့တစ်ချို့မှိုသတ်ဆေးများသည် ပဲသီးတောင့်ရင့်မှည့်မှုကို နှေးစေတာ၊ အစေ့အရောင်ညီမှုကိုထိခိုက်စေတာကိုသတိပြုပါ။
- မတ်ပဲရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်ပါတယ်။
- မတ်ပဲကိုသီးတောင့်များမာချိန်၊ မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။
- နုတ်သိမ်းပြီးပြီးချင်း နောက်တစ်ဆင့် ခြွေလှေ့ပါ။
- ခြွေလှေ့ပြီးပြီးချင်း အဖျင်း အမှော်ဖယ်ပေးပါ။
- ကျောက်ခဲ၊ သဲ၊ အရွက်ခြောက်၊ ကိုင်းခြောက်၊ ပေါင်းစေ့၊ မြေကြီးခဲ၊ အမှိုက်များဖယ်ပေးပါ။
- ပဲသန့်မှ ဈေးကောင်းရမှာဖြစ်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - 📷ငါး၊ ပုစွန်များ ကန်ဘောင်ရေစပ်တွင် တက်နေခြင်း ရှိ/မရှိ စစ်ဆေးပေးရန်၊ - 📷ငါး၊ ပုစွန်အသေကောင်များ ရှိ/မရှိ စစ်ဆေးပေးရန်၊ - 📷ရေမျက်နှာပြင်တွင် ရေညှိဖက်များမျှောနေခြင်း ရှိ/မရှိစစ်ဆေးပေးရန်၊ - 📷အထက်ပါ အချက်များတွေ့ရှိပါက အစာကျွေးခြင်းကို လျော့ချရန်၊ - 📷ကန်အတွင်း အဆွေးအမြေ့များ၊ သဘာဝအညစ်အကြေးများကို ဖယ်ရှားရန်၊ - 📷ရေသစ်လဲခြင်း၊ ရေလှည့်၊ ရေပန်းများပြုလုပ်ပေးရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
