ရွံဂဏန်းအား ကန်ဖြင့် စနစ်တကျမွေးမြူခြင်း
မြန်မာနိုင်ငံတွင် ဂဏန်းကိုသားပေါက်၊ သားလောင်မှ သက်ကြီးကောင်အထိမွေးမြူခြင်းလွန်စွာအား နည်းပါသည်။ အရွယ်ရောက်ဂဏန်း (၅၀)ဂရမ်အထက်မှ ဂရမ် (၂၀၀)အထိမွေးမြူသူများသည် ဒီရေတောကမ်းရိုး တန်းများတွင် ပုံစံမျိုးစုံဖြင့်မွေးမြူကြပါသည်။ ဂဏန်းထုတ်လုပ်မှု့သည် နှစ်စဉ်တိုးတက်နေပြီး ၊သဘာဝမှဖမ်းယူ စုဆောင်းထုတ်လုပ်နေခြင်းဖြစ်ပါသည်။ ရေရှည်တွင် ဂဏန်းသားပေါက်စခန်းများတည်ထောင်ထုတ်လုပ်နိုင်ပါက ဂဏန်းမွေးမြူနိုင်ရန်အတွက် အကြံပြုတင်ပြအပ်ပါသည်။
ကန်တူးပြီးဂဏန်းမွေးမြူလိုပါက ၊ ပတ်မြောင်းတူးခြင်းလည်းဆောင်ရွက်နိုင်ပါသည်။ဂဏန်းမွေးမြူမည့် နေရာတွင် ရေငန်နှုံး အနည်းဆုံး(၅ပီပီတီ)ရှိရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်လွယ်ကူသောနေရာဖြစ်ရပါမည်။ အောက်ခံမြေသားသည် ရွံနန်းမြေ၊ သဲနှုံးမြေဖြစ်ရပါမည်။ ကန်တူးပြီးပါက ကန်အတွင် တဧကလျှင်အနည်းဆုံး ထုံးပိဿာ(၁၀၀)ထည့်ရပါမည်။ဂဏန်းသည်အရေခွံလဲခြင်းကိုဆောင်ရွက်သဖြင့် ထုံးပိုမိုထည့်ရန်လိုအပ်ပါသည်။ ထုံးထည့်ပြီးနောက် ကန်အောက်ခြေကို တပတ်ကြာ နေလှန်းပေးပါ။ ထို့နောက် ရေငန်ထည့်သွင်းပါ၊ ရေငန်ထည့် သွင်းရာတွင် သားစားငါးများမပါစေရန် ဆောင်ရွက်ရပါမည်။ သားစားငါးများပါဘာပါက ဂဏန်းများအရေခွံလဲ ချိန် တွင် စားသောက်ခြင်းခံရတတ်ပါသည်။
ရေငန်(၂)ပေသွင်းပြီး (၃)ရက်ခန့်အကြာတွင် ကန်ရေဩဇာရရှိစေရန်အတွက် တဧကလျှင် (NPK)မြေဩ ဇာ ၇ ပိဿာမှ ၈ပိဿာအထိ နေပူချိန်တွင် ထည့်သွင်းပေးပါ၊ (၃)ရက်မှ (၇(ရက်အကြာတွင် ကန်ရေအရောင်သည် အစိမ်းနုရောင်သို့ပြောင်းလာပါလိမ့်မည်။ကန်ရေအစိမ်းနုရောင်ဖြစ်လာချိန်တွင်ကန်အတွင် ရေအနက်(၄)ပေအထိ ရောက်စေရန်ထပ်မံဖြည့်သွင်းပေးပါ။ ကန်ရေ အရောင်အစိမ်းနုရောင်ဖြစ်လာချိန်တွင် ဂဏန်းသားပေါက်များ ထည့်သွင်းနိုင်ပါသည်။ထည့်သွင်းရမည့် ဂဏန်းသားပေါက်အရွယ်အစားမှာ (၁၆)ဂရမ် (တကျပ်သား)အောက် ဂဏန်းများဖြစ်ပါသည်။ တဧကလျှင် သားပေါက်ကောင်ရေ (၈၀၀၀)မှ (၁၂၀၀၀)အထိထည့်မွေးနိုင်ပါသည်။
ဂဏန်းများသည်တူးတွင်းနေထိုင်သောဓလေ့ရှိသဖြင့် ကန်အောက်ခြေတွင် နှုံးထုသည်(၈)လက်မခန့် ရှိရန်လိုအပ်ပါသည်။တွင်းဖောက်သွားလာခြင်းမရှိသော်လည်း ကန်ဘောင်ပေါ်ကျော်တက်သွားနိုင်သဖြင့်ကန် ပတ်လည်တွင် အမြင့်(၃)ပေရှိ ပိုက် (သို့)ဝါးယင်းအား အတွင်းဘက် ၄၅ဒီဂရီစောင်းပြီးကာရန်ပေးရပါမည်။ ဂဏန်း များသည် အစာဝလင်ပါက ကြီးထွားရန်အရေခွံ လဲကြပါသည်။ထိုအချိန်တွင် အစာမဝသော ဂဏန်းများမှ အရေ ခွံလဲနေသော ဂဏန်းများကိုစားသောက်ကြသဖြင့် ဂဏန်းများအတွက် ပုန်းခိုရာနေရာများ ကန်အတွင်းသို့ ချ ထားပေးရပါမည် (ဉပမာ အားဖြင့် ဝါးဆစ် ဘူးများ)၊ ။ ဂဏန်းမွေးမြူသောကန်သည် ရေလှယ်ခြင်းကို ဆောင် ရွက်ရမည်ဖြစ်သောကြောင့် ရေသွင်းပေါက်နှင့် ရေထုတ်ပေါက် ကို ကန်၏တဖက်တချက်စီတွင်တပ်ဆင်ပေးရန် လိုအပ်ပါသည်။