cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

. ရာသီဥတု သတင်းများ
စပါးကြက်သွန်မြိတ်ပိုးကျရောမှုကိုကာကွယ်နိုင်ရန်အတွက်
  • ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြုံပြုချက် Good Weather 🙂🙏❣

    ၂၀၂၅ ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ ၂၀ ရက်နေ့အထိ

    ဧရာဝတီတိုင်းမှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်

    ISSUED TIME

    13/02/2024 8:00am(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆


    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    ယခင်နှစ်က စပါးကြက်သွန်မြိတ်ပိုးကျရောက်ခဲ့ဖူးရင် ယခုနှစ်ပြန်စိုက်တဲ့အခါ ကြက်သွန်မိတ်ပိုး ပြန်လည်ကျရောက်တက်ပါတယ်။ ပေါင်းမြတ်ထူထပ်တဲ့နေရာတွေမျာ ပိုမိုကျရောက်နိုင်ပါတယ်။ ထွက်သမျှ အရွက်တိုင်းက ရွက်ပြန့်လိုမဟုတ်ဘဲ ကြက်သွန်မြိတ်လိုပြွန်ပုံစံထွက်လာရင် ကြက်သွန်မြိတ်ပိုးကျနေတာပါ။ ကြက်သွန်မြိတ်ပိုးအများစုက ညနေဘက်မှလှုပ်ရှားကြပါတယ်။

    စပါးကြက်သွန်မြိတ်ပိုးကျရောမှုကိုကာကွယ်နိုင်ရန်အတွက်

    စိုက်ခင်းပတ်ဝန်းကျင်မှာ ပေါင်းမြက်တွေရှိနေရင် ရှင်းပေးပါ။

    အသုံးပြုသောစပါးမျိုးအား ပြောင်းလဲစိုက်ပျိုးပါ။

    အပင်ဦးရေ မများစေရန်ဂရုစိုက်ပါ။

    Abamectin (သို့မဟုတ်) Cyrantraniliprole ကိုရေထုတ်ပြီးမှ သုံးပါ။

    မြေခံမှာ မြေအောင်းပိုးသတ်ဆေးအဖြစ် Carbosulfan (သို့မဟုတ်) Fipronil ထည့်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။


    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ဧရာဝတီတိုင်းမှာ ရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊

    - ပဋိဇီဝဆေးများကို အစာထဲထည့်ကျွေးရန်၊

    - ကန်ရေအရည်သွေးကို စစ်ဆေးပေးရန်၊

    - ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊

    - အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
1461