cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

. ရာသီဥတု သတင်းများ
ဖရဲစိုက်ခင်းတွေမှာ မှည့်ပျောက်စွန်းရောဂါ တွေ့ရများနေပါတယ်။
  • မန္တလေးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြုံပြုချက်

    ၂၀၂၅ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၂၁ ရက်နေ့အထိ

    မန္တလေးတိုင်းမှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုးရွာနိုင်ဖို့ မရှိပါဘူး။

    ISSUED TIME

    13/02/2024 8:00am(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆


    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    လက်ရှိ တောင်သူများရဲ့ ဖရဲစိုက်ခင်းတွေမှာ မှည့်ပျောက်စွန်းရောဂါ တွေ့ရများနေပါတယ်။ အညိုရောင် ထောင့်ပုံစံအဝိုင်းဖြစ်လုနီးပါးရွက်ပြောက်တွေကနေစပြီးရောဂါဖြစ်ပါတယ်။ နောက်ပိုင်းမှာ အနာကွက်တွေ ပေါင်းစပ်ပြီး အမဲရောင်အရွက်ခြောက်တွေ တွေ့ရများပါတယ်။

    ဖရဲမှည့်ပျောက်စွန်းရောဂါကိုကာကွယ်နှိမ်နင်းဖို့အတွက်

    • မစိုက်ပျိုးခင် အလေ့ကျပေါက်ရောက်နေသော ဖရဲပင်များနှင့် အခြားသောပေါင်းပင်များ အားရှင်းလင်းထားပါ။

    • မျိုးစေ့ဆောင်ရောဂါဖြစ်တဲ့အတွက် ရောဂါကင်းသောမျိုးများအသုံးပြုပါ။

    • ရောဂါကျရောက်နေပါက အပေါ်မှရေဖျန်းခြင်းကို ရှောင်းရှားပါ။

    • အရွက်များရေစိုနေချိန်တွင် စိုက်ခင်းအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ပါနဲ့။

    • ရောဂါစတင်တွေ့ရှိပါက မှိုသတ်ဆေးချက်ချင်းဖျန်းပေးပါ။ ပရိုပီကိုနာဇိုး၊ ဟက်ဇာကိုနာဇိုး၊ မန်ကိုဇက် စတဲ့ မှိုသတ်ဆေး များကို အသုံးပြုနိုင်ပါတယ်။


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    မျိုးငါးမွေးတဲ့ငါးကန်တွေအနေနဲ့ သက်တမ်းတူငါးမျိုးများကိုသာ တစ်ကန်တည်း တူတူမွေးရန်၊

    မျိုးငါးမွေးမြူရာတွင် ငါးမျိုးစိတ်တစ်ခုထဲကိုသာ တစ်ကန်ထဲအတူမွေးရန်၊

    အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊

    ကန်ရေကိုလှည့်ပေးရန်၊

    မျိုးငါးကန်များအနေဖြင့် အစာအကြွင်းအကျန်များ ကန်ခြေမစုပုံမိစေရန်၊

    အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
1
views
1443