တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၁၀. ၂ . ၂၀၂၅ မှ ၁၄. ၂. ၂၀၂၅)
- ပဲတီစိမ်း - ပဲတီစိမ်းကတော့ တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးတန်းက အမြင့်စျေးမှာ ငြိမ်နေတယ်လို့ သိ ရပါတယ်။ - တရုတ်ဝယ်လက်တွေ ကြိုက်တဲ့ ရန်ကုန်ကထွက်တဲ့ ခရမ်းရွှေဝါပဲတီစိမ်းအသစ်တွေလည်းပေါ်နေပြီး စျေးကောင်းရနေပါတယ်။ ပဲတီစိမ်းဝါးခယ်မတွေလည်း စျေးကောင်းရနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်ရှိပြီး ပဲတီစိမ်း ဝါးခယ်မက ၅၀၈၀ မှ ၅၁၀၀ ကျပ်နဲ့ ပဲတီစိမ်း ဝါးခယ်မက ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်နဲ့ စျေးငြိမ်နေတာ ဖြစ်ပါတယ်။ - မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၅၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။ - ပြောင်း - ပြောင်းကတော့ ခုတစ်ပတ်မှာလည်း အရင်တစ်ပတ်က ဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းမှာပဲငြိမ်နေပါတယ်။ - ပြောင်းဆံစျေးငြိမ်နေတာ သုံးပတ်ဆက်တိုက်ရှိပါပြီ။ - ပြောင်းဆံကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေ တာကြောင့် အရင်အပတ်တွေတုန်းက တက်ရိပ်ပြခဲ့ပေမယ့် ခုတစ်ပတ်မှာတော့ စျေးထပ်မတက်ဘဲ အဲဒီအတက်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။ - အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ်ရှိ ပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ ကျပ် ရှိပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းပတ်လည်မှာပဲ ငြိမ်နေပါတယ်။ - မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်အပေါ် သက်တမ်းထပ်မတိုး သေးတာကြောင့် စျေးကအေးနေပါတယ်။ ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်နေတဲ့အတွက် စျေးကအေးနေပါတယ်။ - ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၄၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၅၂၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၉၁၀၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၃၅၀၀၀ ကျပ်ရှိပါတယ်။ - မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၄၀၀၀၀ မှ ၂၇၇၀၀၀ ကျပ်ရှိပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံက ဒီတစ်ပတ်မှာတော့ စျေးပြန်အတက် ပြလာပြီး တစ်တန်ကို ၂၉ အထိ ပြန်တက်လာပါတယ်။ - ပဲစင်းငုံအသစ်တွေပေါ်နေပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် စျေးတန်းကအေးနေပေမယ့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားတာကြောင့် စျေးတန်း က လှောင်ထားနိုင်လေ အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ - အခုတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီ တစ်တန် ကို ၂၉၄၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၅၅၀၀၀၊ ကြာသပတေးနေ့က ၂၉၁၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၈၀၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၃၅၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် ၉၀၀၀၀၀ လောက်တက်လာပါတယ်။ - မန္တလေးစျေးကွက်မှာလည်း ခုအပတ်မှာ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၆၀၀၀ မှ ၂၇၇၀၀၀ ကျပ်ရှိပါတယ်။ - ထန်းလျက် - ပြည်တွင်းထန်းလျက်စျေးကွက်မှာ ထန်းလျက်အစစ်တွေ ဝင်ရောက်မှုနည်းပြီး စျေးကောင်းရနေ ပါတယ်။ အညာထန်းလျက်အစစ်တွေ စျေးကောင်းရနေပြီး အုန်းသီးနဲ့အရောထန်းလျက်တွေက တစ်ပိဿာကို ၂၀၀၀၀ ကျပ်အထိပင် စျေးရှိနေပါတယ်။ - ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တောင်သာနဲ့မလိူင်ကထွက်တဲ့ ဒုံးဟောင်းထန်းလျက်က တစ်ပိဿာကို ၇၀၀၀ ကျပ်၊ထန်းလျက်အသစ်က ၆၉၀၀ ကျပ်၊ ညောင်ဦးဆေးရှယ်က ၇၃၀၀ ကျပ်၊ ညောင်ဦးဆေးရှယ် (ထန်းအရော) က ၅၀၀၀ မှ ၅၁၀၀ ကျပ်၊ ပခုက္ကူကြမ်းက ၇၁၀၀ ကျပ်၊ ရေစကြိုထန်းလျက်က ၈၀၀၀ မှ ၈၅၀၀ ကျပ် အထိရှိနေပါတယ်။ ထန်းလျက်စျေးကွက်ထဲကိုထန်းလျက်အတုတွေလည်း ဝင်ရောက်နေပါတယ်။ - ကြက်သွန်နီ - ပြီးခဲ့တဲ့ အပတ်ကအထိ အကျဈေးနဲ့ ရှိနေခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို နယ်စုံကနေ အဝင်ရှိနေပြီး နေ့စဉ် ပိဿာချိန် ၂ သိန်း နီးပါး အဝင်ရှိပါတယ်။ အဝယ်များပြီး ဈေးတက်လာတာလို့ သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊မြင်းခြံ၊မြစ်သား၊တောင်သာ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၂၁၀၀ မှ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ မှ ၂၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ - မန်ကျည်းသီး - အတက်ဈေးနဲ့ လ အတော်ကြာ ငြိမ်နေတဲ့ မန်ကျည်းသီးဈေးက ပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲ ကို အဝင်များလာပြီး ဈေးပေါနေတဲ့ ခရမ်းချဉ်သီးအစားထိုး စားသုံးမှု များလာတဲ့အတွက် အဝယ်ကျ ဈေးကျတယ်လို့လည်း ကုန်သည်အချို့က ပြောပါတယ်။ - ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး အသား တစ်ပိဿာကို ၁၀၀၀၀ မှ ၁၃၀၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀၀ လောက်ဈေးကျဆင်းပါတယ်။ ရမည်းသင်းနဲ့ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၅၄၀၀ မှ ၆၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ မှ ၁၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။ - AMIA - ------- - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
