ကျန်းမာရေး ပြဿနာ ၃ မျိုး အခံရှိသူများ အရက်သောက်ပါက အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်ဟုဆို
- ကျန်းမာရေး ပြဿနာ ၃ မျိုး အခံရှိသူများအရက်သောက်ပါကအသည်းကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားနိုင်တယ်လို့ ဗြိတိန်သုတေသနပညာရှင်များကပြောကြားလိုက်ပါတယ်။ - ဆီးချိုရောဂါရှိသူ (သို့) ဝမ်းဗိုက်ပိုင်းအဆီစုစည်းမှုလွန်ကဲသူများအရက်သေစာ အသောက်များပါကအသည်းကင်ဆာဖြစ်နိုင်ခြေပုံမှန်ထက် ၂ ဒသမ ၄ ဆ မြင့်တက်လာနိုင်ပြီးသွေးတိုးရောဂါရှိသူများသည်လည်းအရက်အသောက်များပါကအသည်းကင်ဆာဖြစ်နိုင်ခြေပုံမှန်ထက် ၁ ဒသမ ၈ ဆပို၍ မြင့်မားလာနိုင်ကြောင်းလည်းသုတေသနပညာရှင်များကဆိုထားပါတယ်။ - သုတေသန၌ အရက်သေစာအသောက်များသူ ၄၀,၀၀၀ ကျော်တို့အား - ဗြိတိန်သုတေသနပညာရှင်များကလေ့လာခဲ့ပြီးနောက် ယခုလိုတွေ့ရှိခဲ့ကာထုတ်ပြန်ထားတာဖြစ်တယ်လို့လည်းဒေသတွင်းမီဒီယာများရဲ့ ဖော်ပြချက်အရသိရပါတယ်။ - အရက်သေစာအသောက်များမှုဟာလေဖြတ်နိုင်ခြေ၊ နှလုံးရောဂါများနှင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေတို့ မြင့်တက်လာမှုနှင့်လည်းဆက်စပ်လျက်ရှိကြောင်းလည်းသိရပါတယ်။ - Myanmar Future Newsမှ ကူးယူဖော်ပြပါသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
