ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် နွေစပါးအကြံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ၂၃ရက်နေ့အတွင်း - ရန်ကုန်တိုင်း ဒေသတွေမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ winds chill ရာသီဥတုကြည်ကြည်လဂ်လင်သာသာယာယာရှိနေစေပါလိမ့်မယ် - ISSUED TIME - 16/02/2025 9:50am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - မြေဩဇာမြေခံမြေဆီအဖြစ်အသုံးပြုလိုပါက တီစူပါ (ဖော့စ်ဖရပ်စ်) (P) ကို အိတ်ဝက်+ ပိုတက်ရှ်(K)ကိုအိတ် ၄ပုံ၁ပုံနှုန်းထည့်ပေးပါ။ - တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းဆိုပါက အရွက် ၅ ရွက်ထွက်ချိန်မှာ ယူရီးယား(N)တစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုပါက ကောက်ပင်လှန်ချိန်တွင် ၎င်းအချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။ - ပင်ပွားစီးချိန်တွင် ယူရီးယား နောက်၃ပုံ၁ပုံကို (၁)ကြိမ်၊ ဗိုက်ဖောင်းချိန် ပိုတက်ရှ် (၁)ကြိမ်၊ အလံရွက်ထွက်ချိန် ကျန်သောယူရီးယား(N)တစ်ပုံ+ ပိုတက်ရှ်(K)တစ်ပုံကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျကျွေးနိုင်ပါတယ်။ - လက်ရှိစိုက်ပျိုးပြီးတော့တောင်သူများ စပါးဂုတ်ကျိုးကျနေပါက နိုက်ထရိုဂျင်ပုလဲမြေဩဇာ (N) ကိုတစ်ကြိမ်တည်းနဲ့ အလွန်အကျွံမသုံးကြပါနဲ့။ အချိန်ရေခွဲသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ - ငါးဖမ်းပြီးနောက် ကန်ကိုရေကုန်အောင်ထုတ်ပစ်ရန်၊ - ကန်ရေထုတ်ပြီးပါက ပတ်ကြားအက်သည်အထိ အခြောက်ခံထားရန်၊ - ကန်အောက်ခြေနွံထုသည် ၆~၈ လက်မ ထက်ကျော်ပါက ဖယ်ထုတ်၍ စိုက်ခင်းများတွင်ထည့်ပေးရန်၊ - နွံထုဖယ်ထုတ်ပြီးပါက ကန်အနှံထုံးဖြူး၍ နေလှန်းထားပေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
