ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မတ်ပဲ၊ပဲတီစိမ်းအကြံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၃ရက်နေ့အတွင်း - ပဲခူးတိုင်းဒေသမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ winds chill ရာသီဥတုကြည်ကြည်လဂ်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ISSUED TIME - 16/02/2025 9:50am(MMT) - အချိန်အခါမဟုတ်မိုး - ၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ့ ၂၅ရက်နေ့တွေမှာ - ပဲခူးတိုင်း ဒေသကြီးတွေမှာ နေရာကွက်ကျား အချိန်အခါမဟုတ်မိုးအနည်းငယ်ရွာနိုင်ပါတယ်။ - ISSUED TIME - 18/02/2025 9:36am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - မတ်ပဲ၊ပဲတီစိမ်းတို့တွင် နောက်ကျမှဆေးဖျန်းလိုက်တာက ပဲခွဲရာတွင်အစိုဓာတ်ကျန်ရှိခြင်း၊ အစိုဓာတ်ကြာရှည်နေခြင်းကြောင့် ပဲသိုလှောင်သိမ်းဆည်းရာတွင် မှိုရောဂါများ ကျနိုင်ပါတယ်။ - ပဲစိုက်စဥ် ဘက်တီးရီးယားရောဂါကျရောက်ခဲ့ပါက မျိုးစေ့ဆောင်အဖြစ်ပါလာပြီး သိုလှောင်စဥ်မှာ အစေ့ပုပ်တာမျိုးကိုတွေ့နိုင်ပါတယ်။ ရိတ်သိမ်းချိန်တွင် မှိုသတ်ဆေးများကိုထပ်မဖျန်းပါနဲ့။ ရိတ်သိမ်းခြင်းနဲ့ ဆေးဖျန်းခြင်းကြားစောင့်ဆိုင်းရမယ့်ရက် (PHI) ကိုလိုက်နာပါ။ - ပဲသီးတောင့်ဝင်ချိန်မှ ဖျန်းလိုက်တဲ့တစ်ချို့မှိုသတ်ဆေးများသည် ပဲသီးတောင့်ရင့်မှည့်မှုကို နှေးစေတာ၊ အစေ့အရောင်ညီမှုကိုထိခိုက်စေတာကိုသတိပြုပါ။ - ဒါကြောင့် သိုလှောင်ရန်အတွက် အစေ့တွင်းအစိုဓာတ် ( ၉-၁၀ % ) ရအောင်အခြောက်လှန်းပေးသင့်ပါတယ်။ - မှိုသတ်ဆေးနောက်ကျမှဖျန်းခြင်းကြောင့် အစေ့များခြောက်သွေ့စေရန် ရက်ကြာကြာလှန်းရတဲ့အခါအစေ့ရဲ့ရှင်သန်နိုင်စွမ်းကိုပါ ပိုပြီးထိခိုက်လာနိုင်ပါတယ်။ - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - မျိုးငါးအဖြစ်မွေးထားတဲ့ ငါးကန်များအနေဖြင့် အစာကို နည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊ - ပဲဖတ်ကို အရည်ဖျော်၍ ပတ်ပေးရန်၊ - ကန်ထောင့်တစ်နေရာတွင် ဗေဒါပင်ကဲ့သို့သော အရိပ်ရအပင်များစိုက်ပျိုးပေးရန်၊ - သက်တမ်းတူငါးမျိုးများကိုသာ အတူတကွမွေးမြူရန်၊ - ဖြစ်နိုင်ပါက ငါးမျိုးစိတ်တစ်ခုချင်းစီအလိုက် သီးခြား ကန်ငယ်များဖြင့် မွေးမြူရန်၊ - နွံထုကြောင့် ကန်အောက်ခြေ ရေနှောက်ခြင်းကို ရှောင်ရှားရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
