ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၇,၁၈)
စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။
(၁၇) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ရာသီဥတုပြောင်းလဲမှု ဒဏ်ကြောင့် အထွက်နှုန်း ထိခိုက်နေခြင်း၊ မြေဆီလွှာ ပျက်စီးနေခြင်း၊ ပိုးမွှား ကျရောက်မှုပိုများနေခြင်းစသောပြဿနာများ ကြုံတွေ့နေရပါက သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တုံ့ပြန်နိုင်ပါတယ်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန်် ဖြစ်သည်။
(၁၈) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
စပါးမျိုးစေ့များကို တိုက်ရိုက်ကြဲချသည့် နည်းစနစ် သည် အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။
သို့ရာတွင် စပါးမျိုးစေ့များကို တိုက်ရိုက်ကြဲချသည့် နည်းစနစ် သည် ထိရောက်သောပေါင်းပင်များ စီမံခန့်ခွဲခြင်းနှင့် မျိုးစေ့ကြဲချထားရာတွင် တိကျမှု သော လမ်း ညွှန်ချက်များ သည် သိသာထင်ရှားသော စိန်ခေါ်မှုအချို့ ဖြစ်ပါသည်။ အဆိုပါပြဿနာများကို ဖြေရှင်းရန် မြေညှိခြင်း နည်းပညာ ဥပမာ။ လေဆာအကူအညီဖြင့် မြေညှိခြင်း နှင့် မျိုးစေ့ချ ကိရိယာ နှင့် မျိုးစေ့ချခြင်းနည်းပညာ ကဲ့သို့သော အဆင့်မြှင့်နည်းပညာ နှင့် ကိရိယာများ လိုအပ်ပါသေးသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန်် ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။