cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တန်ဖိုးနည်းသည့်ဘက် စားသုံးမှုဦးလှည့်လာသဖြင့် ပြည်တွင်းပဲစားသုံးမှုတက်လာ

. ဈေးကွက်သတင်းများ
ပြည်တွင်းတွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် အစားအစာတစ်ခု ဖြစ်သည့် ပဲစားသုံးမှုနှုန်း ယခင်ထက် များလာကြောင်း ပဲမျိုးစုံရောင်းချသူများထံမှ သိရပါသည်။
  • အသားဈေး၊ငါးဈေးများ မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းသက်သာသည့် ပဲများ ယခင်ထက် စားသုံး သူများလာသလို ပဲမျိုးစုံဈေးကွက်မှာလည်း ကုလားပဲခြမ်း၊ပဲနီလေး၊ပဲကြီး၊ စားတော်ပဲ၊စွန်တာနီ(ပဲကတ္တီပါ၊ စွန် တာဖြူ(ပဲထောပတ်) အစရှိသည့်ပဲများ ယခင်ထက် ရောင်းကောင်းလာကြောင်း သိရသည်။

    “ အသားဈေး၊ငါးဈေး မြင့်တက်လာတော့၊ ဈေးနှုန်းသက်သာပြီး ကျန်းမာရေး အာဟာရလည်း ဖြစ်တဲ့ ပဲစားသုံးသူများလာတယ်၊ ပဲကို ထမင်းနဲ့ အဓိကဟင်းအဖြစ်စားသလို အရည်သောက်လည်း စားတယ်။ လက် ဖက်သုပ်မှာ ဆိုလည်း မပါမဖြစ်ဘဲလေ၊ ပုံစံမျိုးစုံနဲ့ စားကြတာ။ သူက အသားငါးအများကြီး အဆင်ပြေတယ်၊ စရိတ်လည်းနည်းပြီး ကုန်ကျစရိတ်လည်း သက်သာတော့ ပဲစားသုံးသူ ယခင်ထက်များလာတယ်” ဟု ကုန်စုံ ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။

    ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ အထွေထွေစရိတ်များမြင့်တက်လာခြင်းက အခြေခံလူတန်းစားများ ၊လူ လတ်တန်းစားအတွက်ပါ အကျပ်တွေ့စေရာ ကုန်ကျစရိတ်နည်းသည့်ဘက်ကို ပို၍ အလေးထားလာရကြောင်း သိရသည်။

    ပဲဈေးကွက်တွင် ကုလားပဲခြမ်း တစ်ပိဿာ ၈၅၀၀ ကျပ်၊ပဲနီလေး(မြန်မာ) တစ်ပိဿာ ၁၇၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာ ၉၅၀၀ ကျပ်၊ စားတော်ပဲ တစ်ပိဿာ ၁၁၀၀၀ ကျပ် တို့ရှိပြီး ပဲဈေးကွက်အခြေအနေရ ကုန် စည်ဒိုင်များမှာ အရောင်းအဝယ်အေးသော်လည်း စားသုံးသူဦးရေမှာ ယခင်ထက် သိသိသာများလာကြောင်း သိရပါတယ်။

    “ နေ့တိုင်း ပဲပြုတ်နဲ့ ထမင်းကြော်စားဖြစ်တယ်၊ ဈေးလည်းသက်သာတယ် ။ ပဲဝါလေးအရည်သောက်က တစ်ပတ်ကို တစ်ခါအနည်းဆုံးဘဲ။ အရင်ကတော့ ဂျုံကြာဇံထည့်ပေမယ့် အခုက မထည့်နိုင်တော့ဘူး။ ညနေဘက် ဆို တစ်ခါတစ်လေ ပဲကတ္တီပါတစ်ထောင်ဖိုးဆို နှစ်ယောက်လောက် စားလို့ရတယ်။ တစ်နပ်စာ ပြီးလည်း မနည်း ဘူး။ ကုန်ကျစရိတ်တွေကမြင့်တက်လာတော့ ဈေးနည်းတဲ့ဘက် အလေးထားတယ်” ဆိုပါတယ်။

    အာဟာရပြည့်ဝစေရေးအတွက် အသီးအရွက်၊အသား၊ငါး၊သစ်သီး၊နွားနို့၊ကြက်ဥ အစရှိသည့်သာမက အာ ဟာရဓာတ်များကို တစုတစည်းတည်း ဖြည့်ဆည်းပေးနိုင်သည့်အပြင် ဈေးနှုန်းသက်သာသော ပဲမျိုးစုံကို နေ့စဉ် စားသုံးသင့်ကြောင်း ၊ ကျန်းမာရေးအတွက်လည်း အရေးပါသည့် အသားဓာတ်၊အာဟာရဓာတ်၊အမျှင်ဓာတ်များ ပါ ဝင်မှုမြင့်မားပြီး ဗီတာမင်ဓာတ်များ ဖြစ်သည့် နိုင်ယာဆင်၊ဖောလစ်အက်ဆစ်၊ဗီတာမင် ( B1၊B2၊B6 ) သတ္တုဓာတ် များဖြစ်သည့် သံ၊ဇင့်၊ကယ်စီယမ်၊မဂ္ဂနီဆီယမ်၊ဖော့စရပ် နှင့် ကြေးနီ နှင့် ပိုတက်စီယမ်ဓာတ်များ ပါဝင်သည့် အာ ဟာရ တန်ဖိုးမြင့်မားသောကြောင့် ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်နှစ်လျှင် ၁၃ ဒသမ ၆ ကီလိုဂရမ်(ရှစ်ပိဿာ) စားသုံးနေသည့် ပမာဏ အရ ပြည်တွင်းစားသုံးမှု၌ ဖူလုံရုံသာမက အာဟာရပြည့်ဝစေရန်အတွက် ပဲကို နေ့စဉ် စားသုံးသင့်ကြောင်းတိုက် တွန်းထားပါတယ်။

    ထက်ရှိန်(ရန်ကုန်)

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
8
comments
0
views
2005