ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံစမ်းမယ်_ ၁၉
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲ ခြင်း များကြောင့် ဖြစ်ပွားနိုင်သော၊ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယို အဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ ဒီ ဗီဒီယိုကို လေ့လာခြင်းအားဖြင့် စပါးရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း အလေ့အကျင့်များ သည် အထွက်နှုန်းအမြင့်ဆုံး၊ စပါးအရည်အသွေးကို ထိန်းသိမ်းနိုင်သလို အလဟသ ဆုံးရှုံးမှု ကာကွယ်ရန် အသုံးပြုသင့် ကြောင်း ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။ - ဉာဏ်စမ်း ပဟေဠိ မေးခွန်း - ------------------------ - စပါးသိုလှောင်မည်ဆိုပါက အစိုဓာတ်ပါဝင်မှု ပုံမှန်အားဖြင့် 12-14% ရှိသင့်ပါသည်။ - (က) မှန် - (ခ) မှား - ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။ - ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် အောက်ဖော်ပြပါ လျှောက်ထားလွှာကို နှိပ်၍ ဝင်ရောက်ဖြေဆိုနိုင်သလို ကော့မန့်တွင်လဲဝင်ရောက်ဖြေဆိုနိုင်ပါပြီနော်။ - အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ - ဗီဒီယို အပြည့်အစုံကို ထွက်တိုး ယူကျူ့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/yulVm7yApyw 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
