မကွေးတိုင်းဒေသကြီး အတွက် တစ်ပတ်တာရာသီဥတုအခြေအနေ ခန့်မှန်းချက်
၂၀၂၅ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၅ရက်နေ့အထိ
ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်
ISSUED TIME
18/02/2025 10:17am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေရင် ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ ပိုပြင်းထန်စေပါတယ်။ မြေဆောင်၊မျိုးစေ့ဆောင်ရောဂါဖြစ်လို့ ရောဂါကင်းတဲ့မျိုးကိုရွေးချယ်စိုက်ဖို့နဲ့ စိုက်ခင်းသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ ရောဂါကျခဲ့သောအခင်းအား ရိတ်သိမ်းပြီးချိန်တွင် ချက်ချင်းထယ်ထိုး မြေမြုပ်ပြစ်ပါ။
ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါကာကွယ်နှိမ်နင်းနိုင်ဖို့
စိုက်ခင်းကို မျက်ခြေမပျက် သေချာစစ်ဆေးပါ။ ရောဂါစတင်တွေ့တာနှင့် ကာကွယ်နှိမ်နင်းပါ။
ရေဖျန်းစနစ်ဖြင့် ရေပေးခြင်းကို ရှောင်ရှားပါ။
နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး အလွန်အကျွံမသုံးပါနဲ့။
ဓါတုဆေးများအနေနှင့် Mefenoxam (သို့မဟုတ်) Metalaxy + Mancozeb ကို 20+10 နှုန်းထားနဲ့ဖျန်းပေးပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မကွေးတိုင်းမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
ရာသီဥတု တဖြည်းဖြည်း ပူနွေးလာပြီဖြစ်၍ ကန်ရေအပူချိန်ပြောင်းလဲမှုကြောင့် ငါးများစိတ်ဖိစီးဖြစ် စေနိုင်သဖြင့် ကြိုတင်ကာကွယ်တဲ့အနေဖြင့် ခုခံအားကောင်းအောင်ဆောင်ရွက်ပေးရန်၊
ဗိုက်တာမင်စီအပါအဝင် ဖြည့်စွက်စာများကို ငါးစာထဲထည့်ကျွေးပေးရန်၊
အာဟာရပြည့် ငါးစာများကိုသာ ရွေးချယ်ကျွေးပေးရန်၊
ကန်ရေအောက်ဆီဂျင်ရရှိရေး ရေလှည့်ပေးရန်၊
ဖြစ်နိုင်ပါက ကန်ရဲ့အပေါ်ရေ အနည်းငယ်ထုတ်ပေးပြီး ပြန်သွင်းပေးရန်၊
သီးသန့် ရေလှောင်ကန်များ ထားရှိပေးရန်၊
--------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။