cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကုက္ကိုလ်ရွက်သုပ်နှင့် ကျန်းမာရေးကောင်းကျိုးများ

. ကျန်းမာရေးဆောင်းပါးများ
အညာကုက္ကိုလ်ရွက်နုလေးတွေကို ပြုတ်ပြီး အခြားသောအရွက်အချို့လိုမျိုး သုတ်စားကြတတ်ပါတယ်။ လူသိနည်းတဲ့ ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။
  • ကုက္ကိုလ်ရွက်သုပ်

    ကုက္ကိုလ်ရွက်သုပ်ကို ပထမဦးဆုံးစားဖူးတာက ပုဂံ သရပါ 3 ထမင်းဆိုင်လေးမှာ။ကုက္ကိုလ်ရွက်ကို အဲ့လိုသုပ်စားရတယ်လို့လဲ တစ်ခါမှ မထင်ဖူးတော့ အထူးအဆန်းဆိုပြီး စားကြည့်တာ တော်တော်ကောင်းတာနဲ့ သုပ်နည်းလေးမေးလာခဲ့တာပါ။အခုပုံက ပုဂံသရပါ 3မှာစားတုန်းက ရိုက်လာတဲ့ပုံလေးပါ။

    ပါဝင်ပစ္စည်း

    ကုက္ကိုလ်ရွက်နုနု

    ကြက်သွန်နီ

    ငရုတ်သီးစိမ်း

    မြေပဲ

    ဆား

    ဟင်းခတ်မှုန့်

    ဆီ

    ပြုလုပ်နည်း

    ကုက္ကိုလ်ရွက်နုနုလေးတွေကို ခြွေပြီး ရေနွေးဆူဆူထဲမှာ ခဏပြုတ်ပါမယ်။ပြီးရင်ဆယ်ပြီး ရေအေးလောင်း ရေညှစ်ပြီး ပါးပါးလှီးပါမယ်။

    မြေပဲကို ခပ်ကြမ်းကြမ်း ထောင်း။ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါမယ်။ပါဝင်ပစ္စည်းတွေရပြီဆိုရင် ဆား၊ဟင်းခတ်မှုန့် ၊ဆီအနည်းငယ်ထည့်ပြီးသုပ်ပါမယ်။အချဉ်စားချင်ရင် သံပရာသီးအနည်းငယ်ညှစ်ထည့်ပါ။အစိမ့်သုပ်တာက ပိုစားကောင်းပါတယ်။

    Crd to original uploader

    ***********************************

    ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

    ကုက္ကိုလ်ပင်ဟာ ပူပြင်းတဲ့ရာသီမျိုးမှာဆိုရင် အရိပ်ရအေးချမ်းတဲ့အပင်ဖြစ်သလို၊ ကုက္ကိုလ်ရွက်မှာလည်း လူသိနည်းတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရှိပါတယ်။ အညာကုက္ကိုလ်ရွက်နုလေးတွေကို ပြုတ်ပြီး အခြားသောအရွက်အချို့လိုမျိုး သုတ်စားကြတတ်ပါတယ်။ လူသိနည်းတဲ့ ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

    (၁) Antioxidants တွေကြွယ်ဝစွာပါဝင်ပါတယ်။

    Antioxidants တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကဲ့သို့ရောဂါအချို့ဖြစ်ပွားနိုင်ချေကို လျှော့နည်းစေတယ်လို့ဆိုပါတယ်။ လေ့လာချက်အရ ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာသမားတွေကို ကုသရာမှာအသုံးပြုတယ်လို့ဆိုကြပါတယ်။ အဲဒါအပြင် အခြားသော ကင်ဆာတွေဖြစ်ပွားနိုင်ချေအန္တရာယ်ကိုလည်းလျော့နည်းစေပါတယ်။

    (၂) အစာအိမ်အနာကိုသက်သာစေပါတယ်။

    ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာအတွက် ဆေးအဖြစ်သုံးပြီး ကုက္ကိုလ်ရွက်နုလေးတွေက အစာအိမ်အနာကိုသက်သာစေတယ်လို့ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းကိုပါသက်သာစေတယ်လို့ဆိုကြပါတယ်။

    (၃) စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းကို သက်သာစေပါတယ်။quercetin၊isoquercetin၊ saponins နဲ့ polyphenols ကဲ့သို့ ဒြပ်ပေါင်းတွေပါဝင်တာကြောင့် အာရုံကြောတွေကို ပြေလျော့စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ကါတယ်။ ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိုပေးနိုင်တာကြောင့် စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေတယ်လို့ တွေ့ရပါတယ်။ အိပ်မပျော်တဲ့လူတွေအတွက်လည်း အသုံးဝင်ပါတယ်။

    (၄) ရောင်ရမ်းမှုကိုသက်သာစေပါတယ်။

    အနာတွေ၊ အရေပြားမှာ ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေတာတွေကို ကုက္ကိုလ်ရွက်ကို အုံခြင်းအားဖြင့် ရောင်ရမ်းခြင်းသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ အဲဒါအပြင် လေးဘက်နာ ၊ အဆစ်မြစ်ရောင်ရမ်းခြင်းတွေမှာလည်း ကုက္ကိုလ်ရွက်ကိုကြိတ်ပြီးအုံခြင်းအားဖြင့် သက်သာစေပါတယ်။

    (၅) သွေးတွင်းကိုလက်စထရော ကျစေနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရောကျစေနိုင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ နှလုံးကျန်းမာခြင်းကြောင့် ရုတ်တရက်လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ပြန်တာမျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    မူရင်းရေးသားသူအား လေးစားစွာ crd ပေးအပ်ပါသည်။

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
likes
15
comments
2
views
1431