တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်
၂၀၂၅ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အတွင်း ဧရာဝတီတိုင်းမှာ မိုးရွာနိုင်ပါတယ်။
ISSUED TIME
20/02/2025 2:58pm(MMT)
ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်ဒေသမှာ မိုးများစွာရွာနိုင်ပါတယ်။
ISSUED TIME
20/02/2025 12:53pm(MMT)
Weather Source: Su Su San
ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်
ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ-
- ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ပတ်ပတ်လည်တွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြက်၊ ဒိုက်များကို သန့်ရှင်းရေးဆောင်ရွက်ရန်၊
- မျိုးငါးကန်များအနေဖြင့် ကန်အောက်ခြေတွင် အနည်များ၊ အစာအကြွင်းအကျန်များ စုမနေအောင် ဆောင်ရွက်ရန်၊
- မျိုးငါးကန်များအနေဖြင့် ဗေဒါကဲ့သို့သော အရိပ်ရအပင်များကို ကန်ရဲ့ ဒေါင့်တစ်နေရာတွင် စတင်စိုက်ပျိုးရန်၊
- ပုစွန်ကန်များအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437